လက်တွေ့အသုံးချ စိတ်ဗေဒ (Applied Psychology) ဂျာနယ်မှာ တင်ထားတဲ့ လေ့လာမှုတစ်ခုအရ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေါသနဲ့ အကြောက်တရားတွေလို မကောင်းတဲ့ ခံစားချက်တွေကို AI Chatbot တွေက ကူညီဖြေဖျောက်ပေးနိုင်တယ် ဆိုပါတယ်။ သုတေသနတွင်းမှာ ပြောထားတာအရ ဒီအေအိုင်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ အထောက်အပံ့ပြုပေးပြီး လူအချင်းချင်း အထိအတွေ့ မလုပ်နိုင်ချိန်မှာ အသုံးဝင်တယ်လို့ သိရတာပါ။
နောက်ပိုင်း လူအသုံးပြုမှုများလာတဲ့ AI Chatbot တွေက သိချင်တဲ့ မေးခွန်းကို ဖြေပေးတာ၊ Assistant ပေးတာအပြင်ကိုမှ စိတ်ပိုင်းဆိုင်ရာအရပါ အကူအညီပေးနိုင်ဖို့ Emotional Intelligence (EQ) ကို မြှင့်တင်လာကြပါတယ်။ ဒါ့အပြင် ခံစားချက်တွေကိုပါ ထပ်တူကျ နားလည်နိုင်အောင် လေ့ကျင့်ပေးထားတာမို့ သမရိုးကျစိတ်ကုထုံးတွေထက် ပိုပြီးထိရောက်တယ်လို့ သုတေသနက ဆိုထားတာပါ။ အချိန်မရွေး၊ နေရာမရွေး အကူအညီပေးနိုင်သလို ဘာသာစကားမျိုးစုံနဲ့လဲ တစ်ကိုယ်ရည်စာအတွက် တွေးတောဖြေဆိုပေးပါသေးတယ်။
ဒါပေမဲ့ သုတေသီတွေကတော့ AI Chatbot တွေဟာ စိတ်သက်သာရာရအောင် ကူညီပေးနိုင်ပေမဲ့ ယာယီသာဖြစ်ပြီး လူသားတွေကြားက ဆက်နွှယ်မှုနဲ့ ပရော်ဖက်ရှင်နယ် စိတ်ကုထုံးပညာရှင်တွေကိုတော့ အစားမထိုးနိုင်ဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ခေတ်၊ တစ်ဦးနဲ့ တစ်ဦး သီးခြားဝေးကွာလာကြချိန်မှာတော့ AI Chatbot တွေက ရုတ်တရက်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေကို တစ်စတစ်စ ပေးလာနိုင်ပါပြီ။
References
- Al-Sibai, N. (2024, November 23). Scientists find that yelling at AI chatbots can make you feel better. Futurism. https://futurism.com/neoscope/yelling-venting-ai-chatbot-stress
- Hu, M., Chua, X. C. W., Diong, S. F., Kasturiratna, K. T. a. S., Majeed, N. M., & Hartanto, A. (2024). AI as your ally: The effects of AI‐assisted venting on negative affect and perceived social support. Applied Psychology Health and Well-Being. https://doi.org/10.1111/aphw.12621
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia