အီလွန်မက်စ် ပိုင်တဲ့ xAI ကုမ္ပဏီကနေ X (ယခင်တွစ်တာ) ကို Premium ဝယ်ယူ အသုံးပြုသူတွေအတွက် ထားရှိထားတဲ့ Ai Assitant ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ အခုတော့ အဲဒီအဆင့်မြှင့်ထားတဲ့ AI model ကို Grok 2 အဖြစ် စတင်ပွဲထုတ်လိုက်တာပါ။ Grok 2 နဲ့အတူ ပါလာတာတွေကတော့ အတော်လေးကို အဆင့်မြင့်တဲ့ စကားပြောစွမ်းရည်တွေ၊ ပရိုဂရမ်းမင်း ဉာဏ်ရည်တွေနဲ့ ကျိုးကြောင်းဆက်စပ်နိုင်စွမ်းတွေ၊ နောက် တခြားအေအိုင် အတော်များများမှာ ကန့်သတ်ထားတဲ့ ပုံတွေကိုလဲ ထုတ်လာနိုင်တယ်လို့ သိရပါတယ်။

အသုံးပြုသူတွေဘက်မှာတော့ အခုလိုမျိုး ကန့်သတ်ချုပ်ချယ်ထားတာမျိုး နည်းလာတာက ကောင်းတယ်ဆိုတဲ့ အဖွဲ့နဲ့ ကျင့်ဝတ်ပိုင်းအရ ချိုးဖောက်ထိခိုက်မိတာတွေ ရှိနေသလို ပြဿနာတွေ တက်လာနိုင်တယ်ဆိုတဲ့ အဖွဲ့ . . . နှစ်ဖွဲ့ကွဲနေပါပြီ။

ခုတစ်ခေါက် Grok 2 မှာ ပါလာတဲ့ တိုးတက်ပြောင်းလဲမှုတွေထဲက တချို့ကို ပြောရရင် ဒီမော်ဒယ်လ်က သာမန်လူတစ်ယောက်နဲ့ ပေါ့ပေါ့ပါးပါး ချက်တင်ထိုင်နေသလို ခံစားချက်မျိုး ပေးနိုင်တဲ့အပြင် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆွေးနွေးမယ်၊ Communicate လုပ်မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ နောက်၊ Programming Langauge တွေ၊ Frameworks တွေမှာလဲ သူ့ရှေ့က စီနီယာ Large Language Model (LLM) တွေ နည်းတူ ရေးသားနိုင်စွမ်း ရှိလာပါတယ်။ ရှာဖွေရေးအင်ဂျင် အသုံးပြုနိုင်စွမ်းလဲ ပါလာသလို X platform မှာ ရှိနေတဲ့ နောက်ဆုံးရသတင်းတွေ၊ အချက်အလက်တွေကိုလဲ အချိန်နဲ့တပြေးညီ ဖြေကြားလာနိုင်တယ်လို့ သိရတာပါ။

ပြဿနာဖြေရှင်းနိုင်စွမ်းလဲ ပိုအားကောင်းလာပြီးတော့ အတော်လေး ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ  သေချာပိုင်းခြားဆောင်ရွက်လာနိုင်ပြီလို့ အီလွန်မက်စ်ခ်က ဆိုထားပါတယ်။

Grok-2 မီနီဗားရှင်းဆိုရင် ကိုယ်က မေးခွန်းတစ်ခု မေးလိုက်ရင် အဲဒီမေးခွန်းကို ရေရေလည်လည် နားလည်ထားတဲ့ လူတစ်ယောက် ပြန်ဖြေပေးသလိုကို ‘Response Time (တုံ့ပြန်ချိန်)’ မြန်ဆန်ပြီးတော့ GPT-4 ရဲ့ တာဘိုအေအိုင်အင်ဂျင်နဲ့ Claude 2.5 Sonnet မော်ဒယ်တွေထက်တောင် သင်္ချာဉာဏ်ရည်နဲ့ Coding မှာ ပိုအားကောင်းတယ်လို့ သုတေသနတွေအရ သိရပါတယ်။

ဒါပေမဲ့ ဒီ Grok 2 မှာ ရေပန်းအစားဆုံးက အေအိုင်နဲ့ ကြိုက်တဲ့ပုံကို ကြိုက်သလို အကန့်အသတ်မရှိသလောက်ကို နည်းပြီး ထုတ်နေနိုင်တဲ့ Feature ပါ။

သူ့ရဲ့ပြိုင်ဘက်တွေ ဖြစ်တဲ့ DALL-E, Gemini နဲ့ Midjourney တို့လိုမျိုး မဟုတ်ဘဲ Grok 2 Ai ဟာဆိုရင် နိုင်ငံရေးနဲ့ စပ်လျဉ်းတဲ့ လူပုဂ္ဂိုလ် ပြယုဂ်တွေနဲ့ မူပိုင်ခွင့်တင်ထားတဲ့ ကာရိုက်တာတွေကိုပါ သရုပ်ဖော် ထုတ်လုပ်ပေးနိုင်ပါတယ်။ နမူနာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် သေနတ်ကိုင်ဆောင်ထားတဲ့ ပုံနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ ပါတဲ့ ကာတွန်းဆန်ဆန် သရော်ပုံတွေကို အဲဒီ Grok 2 ကနေ ထုတ်ထားသူတွေ ရှိတာပါ။ အဲဒီကနေ လာမဲ့ ယူအက်စ်ရွေးကောက်ပွဲကို ဦးတည်ပြီး ဖြန့်တဲ့ သတင်းအချက်အလက်မှားတွေလဲ ပိုများလာနိုင်ပါတယ်။

လတ်တလောမှာတော့ Grok 2 က Beta (စမ်းသပ်ဆဲဗားရှင်း) အဆင့်ပဲ ရှိသေးတာမို့ X ကို Premium နဲ့ Premium+ ဝယ်ယူထားသူတွေပဲ အသုံးပြုခွင့်ရပါအုံးမယ်။ မကြာခင် လာတော့မဲ့ GPT-5 ကို ယှဉ်နိုင်ဖို့လဲ Grok-3 ကို ဒီနှစ်ကုန်မတိုင်ခင် ထုတ်မယ်လို့ xAI ဘက်က ပြောထားပါတယ်။

Reference: Mehta, T. (2024, August 14). XAI releases GROK-2 model with Image Generation. Techopedia. https://www.techopedia.com/news/xai-releases-grok-2-model-with-image-generation

ဒီသတင်းတွေကို ဆက်ဖတ်ဖို့ စာရေးသူက အကြံပြုပါတယ်။

OpenAI က အေအိုင်အခြေပြု ရှာဖွေရေးအင်ဂျင် SearchGPT ကို စတင်ကြေညာ
OpenAI ကနေ ChatGPT ရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး SearchGPT ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engine) ဆိုတာ Google တို့၊ Microsoft တို့က ထုတ်ထားတဲ့ Browser အခြေပြု အင်
X ကုမ္ပဏီ ဆန်ဖရန်စစ်စကို,ကို တကယ်နှုတ်ဆက်ပြီ
ပြီးခဲ့တဲ့ နှစ်ပတ်က Build Myanmar Media မှာ ဖော်ပြခဲ့တဲ့ ‘အသိုက်ပြောင်းတော့မဲ့ အီလွန်မက်စ်ခ်’ အမည်ရ သတင်းကို စာဖတ်သူတို့ တွေ့မိကြမယ်ထင်ပါတယ်။ အီလွန်မက်စ် ပိုင်တဲ
အီလွန်မက်စ်ရဲ့ Optimus စက်ရုပ်ကို တည့်ဖိုက်လိုက်တဲ့ Figure 02
၂၀၂၃ ခုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ လူဆန်တဲ့ Figure 01 ဉာဏ်ရည်တုစက်ရုပ်ကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အခုတော့ Figure ကုမ္ပဏီကနေ 02 ကို စတင်မိတ်ဆက်လိုက်ပါပြ

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!