အီလွန်မက်စ်ခ်ပိုင်ဆိုင်တဲ့ X (ယခင်တွစ်တာ) ပေါ်မှာရှိတဲ့ xAI အမည်ရ AI Assistant Startup ဟာ အမေရိကန်အပါအဝင် ဆော်ဒီအာရေးဗျနဲ့ ကာတာနိုင်ငံ ရင်းနှီးမြှုပ်နှံသူတွေဆီက နောက်ထပ် ဒေါ်လာ ၆ ဘီလျံဖိုး ရန်ပုံငွေ မ,တည်နိုင်ခဲ့တယ် ဆိုပါတယ်။
အဲဒီလို ရင်းနှီးမြှုပ်နှံတဲ့ထဲမှာ အမေရိကန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်သလို NVIDIA နဲ့ AMD တို့လို ချစ်ပ်ကုမ္ပဏီတွေလဲ ရှိနေတာပါ။ xAI ကုမ္ပဏီက လောလောဆယ်မှာ Grok အမည်ရ X Platform ပေါ်မှာ အသုံးပြုနိုင်တဲ့ AI Chatbot ကို ထုတ်လုပ်ထားပြီး ရင်းနှီးမြှုပ်နှံမှုတွေက တစ်ဆင့် တန်ကြေး ဒေါ်လာ ၅၀ ဘီလျံ ရှိနေပါပြီ။ xAI က ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ChatGPT ရဲ့ မိခင်ကုမ္ပဏီ OpenAI ကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၅၇ ဘီလျံနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။
စောင့်ကြည့်လေ့လာသူတွေကတော့ AI လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံရတာတွေသာ များပြီး အကျိုးအမြတ်ရနိုင်တဲ့ လမ်းကို မမြင်သေးဘူးလို့ ဆိုထားပါတယ်။
xAI ကတော့ ရန်ပုံငွေ မ,တည်ပွဲအပြီးမှာပဲ သန်းထောင်ချီတဲ့ လူတွေ သုံးမဲ့ product တွေကို စတင်ထုတ်လုပ်မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် အနာဂတ်နည်းပညာအတွက် သုတေသနတွေကိုလဲ တိုးချဲ့ဆောင်ရွက်ရင်း စကြဝဠာ သဘောသဘာဝကို နားလည်နိုင်ဖို့အထိ ကြိုးစားမယ်လို့ ကြိမ်းဝါးထားတာပါ။
SpaceX နဲ့ Telsa တို့ရဲ့ ပဲ့ကိုင်ရှင် တစ်ဖြစ်လဲ အီလွန်မက်စ်ခ်ဟာ xAI ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့တာပါ။ အင်မတန်အားကောင်းတဲ့ ဉာဏ်ရည်တုမော်ဒယ်တွေကို ထုတ်လုပ်နေတာတွေက ရပ်ဆိုင်းဖို့ နည်းပညာကုမ္ပဏီတွေဆီ အိတ်ဖွင့်ပေးစာကို သူကိုယ်တိုင် ပေးပို့ခဲ့ပြီးတဲ့နောက် အခုလို AI လုပ်ငန်းတစ်ခု စထူထောင်တာလဲ ဖြစ်ပါတယ်။
လောလောဆယ်တော့ ChatGPT ရဲ့ ပိုင်ရှင်ကုမ္ပဏီ OpenAI နဲ့ OpenAI ကို Non-profit အဖြစ် ၂၀၁၅ ခုနှစ်မှာ တွဲဘက်တည်ထောင်ခဲ့တဲ့ အီလွန်မက်စ်ခ်တို့အကြား ဥပဒေလမ်းကြောင်းအရ တရားရေးရင်ဆိုင်နေရတာတွေ ရှိနေပါတယ်။
Reference: Afp. (2024, December 24). Elon Musk’s AI startup xAI raises $6 billion in latest funding round. The Economic Times. https://economictimes.indiatimes.com/tech/funding/elon-musks-ai-startup-xai-raises-6-billion-in-latest-funding-round/articleshow/116629551.cms
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia