ပြီးခဲ့တဲ့ နှစ်ပတ်က Build Myanmar Media မှာ ဖော်ပြခဲ့တဲ့ ‘အသိုက်ပြောင်းတော့မဲ့ အီလွန်မက်စ်ခ်’ အမည်ရ သတင်းကို စာဖတ်သူတို့ တွေ့မိကြမယ်ထင်ပါတယ်။ အီလွန်မက်စ် ပိုင်တဲ့ လုပ်ငန်းတွေထဲက SpaceX နဲ့ X (ယခင်တွစ်တာ) ကုမ္ပဏီတွေက လက်ရှိအချိန်ထိ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးစိုက်လည်ပတ်နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းက စလို့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားကူးသန်းဥပဒေတွေမှာ အပြောင်းအလဲတွေ၊ ပြဋ္ဌာန်းချက်အသစ်တွေ ရှိလာပြီး အဲဒီအပြောင်းအလဲတွေနဲ့ အီလွန်တို့ မကိုက်တာမို့ တက်ဆက် (Texas) ကို ပြောင်းတော့မယ်လို့ 'သတင်းသဲ့သဲ့' ထွက်နေတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီသတင်းက အတည်ဖြစ်သွားပါပြီ။

အီလွန်မက်စ်ခ်က သူပိုင်တဲ့ X ကုမ္ပဏီရဲ့ ဆန်ဖရန်စစ်စကိုက ရုံးချုပ်ကို တရားဝင်ပိတ်လိုက်ပြီး ဝန်ထမ်းအားလုံးကို နေရာရွေ့ပြောင်းဖို့ စီစဉ်နေပါတယ်။ တွစ်တာလို့ လူသိများပြီး ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ X ဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆန်ဖရန်စစ်စကိုကို ခွဲခွာရတော့မှာပါ။ အခွန်နဲ့ ပတ်သက်လို့ ထပ်တိုးမြှင့်တင်ထားတဲ့ ပြည်နယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေအပါအဝင် တခြားစီးပွားကူးသန်း ဥပဒေတွေကြောင့် ဆန်ဖရန်စစ်စကိုကို ထွက်ခွာတဲ့ မြို့တွေထဲမှာ Stripe နဲ့ Block တို့လို ငွေပေးချေရေး ကြားခံကုမ္ပဏီတွေလဲ ပါဝင်ပါတယ်။ X ကုမ္ပဏီ ထွက်ခွာရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ ရုံးချုပ်အနီးတစ်ဝိုက်က လမ်းတွေရဲ့ အခြေအနေနဲ့ အိမ်ခြေယာမဲ့ဦးရေ ထူထပ်မှုရာဇဝတ်ထူပြောမှုတို့ကြောင့်လဲ ပါဝင်တယ်လို့ အီလွန်မက်စ်ခ်က ပြောပါတယ်။

X ရဲ့ ဝန်ထမ်းတွေကတော့ ယခင်က စီစဉ်ထားတဲ့ တက္ကဆက်က ရုံးချုပ်အသစ်ဆီကို ချက်ချင်းမပြောင်းရသေးဘဲ လက်ရှိ ဆန်းဂျို့စ် (San Jose) နဲ့ ပါလို အယ်လ်တို (Palo Alto) က ရှိနှင့်ပြီးသား ရုံးခွဲတွေဆီ ခေတ္တအခြေချထားနှင့်ရမှာပါ။ ရုံးခန်းတွေကိုတော့ အီလွန်ရဲ့ နောက်ထပ်ပရော့ဂျက်တစ်ခု ဖြစ်တဲ့ xAI ဉာဏ်ရည်တုနည်းပညာကုမ္ပဏီနဲ့ တွဲဘက်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲကလဲ လာမဲ့ အပတ်အတွင်းမှာ ဖြစ်ဖို့များနေတာပါ။

References: KTVU FOX 2 San Francisco. (2024, August 6). X to leave San Francisco, but will remain Bay Area based. https://www.ktvu.com/news/x-leave-sf

အီလွန်မက်စ်၊ အေအိုင်နဲ့ တခြားဆက်စပ်အကြောင်းအရာတွေကို ဆက်ဖတ်ချင်သူဆိုရင် အောက်က စာတွေကို ညွှန်းပေးပါရစေ။

အသိုက်ပြောင်းတော့မဲ့ အီလွန်မက်စ်ခ်
ရိုက်တာ၊ လော့စ်အိန်ဂျလိစ်နဲ့ တိုင်းမ်တို့လို နာမည်ကြီး သတင်းဌာနတွေက ဖော်ပြချက်တွေအရတော့ အီလွန်မက်စ်ခ်တစ်ယောက် သူ့လုပ်ငန်းတွေရဲ့ ဌာနချုပ်တွေကို မကြ
‘လူဆန်တဲ့ စက်ရုပ်တွေ’ ကို မကြာခင် ဈေးကွက်ထဲ ပမာဏများများနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အီလွန်မက်စ်ခ် ပြော
အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေ
ကယ်လီဖိုးနီးယားပြည်နယ်၊ တောင်ပဆာဒီးနားမြို့ ရဲတပ်ဖွဲ့က ရဲကားအကုန်လုံးကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလဲအသုံးပြု
ကယ်လီဖိုးနီးယားပြည်နယ်၊ တောင်ပဆာဒီးနားမြို့ (South Pasadena) မြို့က သူတို့မြို့ခံရဲတပ်ဖွဲ့မှာ အသုံးပြုတဲ့ ရဲကားတွေအကုန်လုံးကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလိုက်ပြီး အမေရိကန်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!