အစိုးရလျို့ဝှက်ချက်များဖြန့်ဝေမှုနဲ့တရားစွဲဆိုခံထားတဲ့ WikiLeaks တည်ထောင်သူ Julian Assange ဟာ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်ရရှိပြီးနောက် အာမခံနဲ့ ထောင်ကနေ လွတ်မြောက်လာပါတယ်။

ချက်ချင်းလွတ်လပ်ခွင့်ရဖို့ကို Julian Assange အနေနဲ့ အမှုတစ်ခုတည်းကိုပဲဝန်ခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့ အမှု ၁၈ မှုကိုတော့ အမေရိကန် အစိုးရက ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။

သူ့ကို အင်္ဂလန်နိုင်ငံက Belmarsh ထောင်မှာ တွင် ၆၂ လ (၅ နှစ်ကျော်) ချုပ်နှောင် ထားခဲ့ပြီး အဲဒီကာလဟာ သူ့ရဲ့ပြစ်ဒဏ်ကာလနဲ့ အတူတူပဲဖြစ်ပါတယ်။

WikiLeaks က အစိုးရလျှို့ဝှက်ချက်တွေ၊ company ကြီးတွေရဲ့ လူသိမခံ နိုင်တဲ့ အကြောင်းတွေကို ဖွင့်ချတဲ့ website ဖြစ်သလို ကမ္ဘာတစ်ဝန်းက ဘယ်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သူ့နဲ့ပတ်သက်ပြီး အမေရိကန်တရားရေး နောက်ဆုံးတရားခွင်ပြုလုပ်မှာဖြစ်လို့ အမေရိကန် နိုင်ငံ ကို ပြန်ခေါ်ထားတာပါ။ တရားခွင်ပြီးရင်တော့ သူ့အနေနဲ့ ဩစတေးလျနိုင်ငံကို သွားရမှာဖြစ်ပါတယ်။

ဒီသဘောတူညီမှုဟာ လွယ်လွယ်ရခဲ့တာမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားနိုင်ငံက နိုင်ငံ ခေါင်းဆောင်တွေကပါ လွတ်လပ်စွာပြောရေးဆိုခွင့်အပေါ် အခိုင်အမာရပ်တည်ပြီး ပါဝင်ခဲ့ရတာပါ။

၂၀၁၈ ခုနှစ်မှာ အမေရိကန်တပ်မတော်ရဲ့ စစ်ရေးစာရွက်စာတမ်းများဖြန့်ဝေမှုကြောင့် Julian Assange အပေါ် အမှု ၁၈ မှုနဲ့ စတင်ခဲ့သလို WikiLeaks က အစိုးရနဲ့ ကုမ္ပဏီတွေကြားရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီးနောက် လူသိများလာခဲ့ပါတယ်။

Julian Assange ဟာ အမေရိကန်အစိုးဖမ်းချုပ်မှုကနေ တိမ်းရှောင်ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က အီကွေဒေါသံရုံးမှာ ၇ နှစ်ကြာ နေထိုင်ခဲ့ရပြီး ၂၀၁၉ ခုနှစ်ကျမှ ဖမ်းဆီးခံခဲ့ရတာပါ။

အခု သူဒီလို လွတ်မြောက်လာတာဟာ သြစတြေးလျ ဝန်ကြီးချုပ် အင်သိုနီ အယ်ဘနီးစ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ရဲ့ ဆွေးနွေးမှုတွေကြောင့် သြစတြေးလျမှာ မိသားစုနှင့် ပုံမှန်ဘဝကိုနေနိုင်တော့မှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ဘယ်သူ့ဘက်ကရပ်တည်မလဲ။ ဘယ်သူမှန်တယ် ထင်လဲ။

အမေရိကန် အစိုးရလား။ WikiLeaks လား။

Reference:

(1) https://www.telegraph.co.uk/us/news/2024/06/25/julian-assange-reaches-us-plea-deal/

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!