အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်အစိုးရက နိုင်ငံထဲမှာ ရှိတဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး Constellation ကုမ္ပဏီနဲ့ ဒေါ်လာ သန်း ၈၄၀ တန် စာချုပ် ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ စာချုပ်အရ မီဂါဝပ် ၁ သန်းကျော်တဲ့ သန့်စင်စွမ်းအင်ကို ၂၀၂၅ ခုနှစ်က စလို့ ဖက်ဒရယ်အေဂျင်စီပေါင်း ၁၃ ခုကျော်ဆီ ဖြန့်ဖြူးပေးဖို့ သဘောတူညီထားတာပါ။

ဒီစာချုပ်အပါအဝင် တခြားသဘောတူညီချက်တွေနဲ့ ပူးပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိပြီး သမိုင်းတစ်လျှောက် စွမ်းအင်ဝယ်ယူမှုတွေထဲ စံချိန်တင်တယ်လို့လဲ သိရပါတယ်။

အေအိုင်နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်တွေလဲ တစ်စတစ်စ မြင့်လာရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဒေတာစင်တာတွေ၊ ခရစ်ပ်တိုငွေကြေးတွေနဲ့ အေအိုင်ပရော့ဂျက်တွေ အားလုံးပေါင်းဟာ ကမ္ဘာ့လျှပ်စစ်သုံးစွဲမှု စုစုပေါင်းပမာဏရဲ့ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ သိရတာပါ။ ဒီပမာဏကလဲ အကျမရှိဘဲ အတက်ဘက်ကိုပဲ ဆက်သွားနေပြီး ၂၀၂၆ ကို ရောက်ရင် ဆွီဒင် ဒါမှမဟုတ် ဂျာမနီနိုင်ငံတစ်ခုလုံးရဲ့ လျှပ်စစ်သုံးစွဲမှု ပမာဏအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

သုတေသနတွေအရ ChatGPT လို Generative AI တွေက စွမ်းအင်များများ လိုအပ်ပါတယ်။ ပုံမှန် Google Search တစ်ခုနဲ့ ChatGPT ကို မေးခွန်းမေးတာယှဉ်လိုက်ရင် ChatGPT ကို မေးတာက လျှပ်စစ်စွမ်းအင်ကို ၁၀ ဆ ပိုကုန်ဆုံးစေတယ်လို့ သိရတာပါ။ နောက်၊ အေအိုင်မော်ဒယ်တွေကို လေ့ကျင့်ပေးရတဲ့အပိုင်းကလဲ စွမ်းအင်စားသုံးမှု အင်မတန်မြင့်မားပါတယ်။

အခုနောက်ပိုင်းမှာ အစိုးရတွေနဲ့ အစိုးရဆက်စပ်လုပ်ငန်းတွေဟာ သူတို့ရဲ့လုပ်ငန်းတွေမှာ ဉာဏ်ရည်တုနည်းပညာကို ပေါင်းစပ်ဆောင်ရွက်လာလို့ ဒီနည်းပညာတွေအတွက် စွမ်းအင်လိုအပ်ချက်တွေလဲ တဖြည်းဖြည်း များလာတာပါ။ အခုတော့ ဒီပြဿနာကို နျူကလီးယားဓာတ်ပေါင်းဖိုတွေက ထွက်တဲ့ သန့်စင်စွမ်းအင်ကို သုံးပြီး ဖြေရှင်းမယ် ဆိုပါတယ်။

Reference: https://www.perplexity.ai/page/u-s-buys-record-nuclear-power-fJy30shqQ9WWRHDTHoGwGQ

ဆက်လက်ဖတ်ရှုဖို့

Google က နျူကလီးယားစွမ်းအင်ကို ဒေတာစင်တာမှာ သုံးမယ်
Google has signed a corporate agreement to purchase nuclear energy from multiple small modular reactors (SMRs) from Kairos Power.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!