အမေရိကန်ပြည်သူတွေကတော့ သူတို့ရဲ့ နောက်တက်မဲ့ သမ္မတကို လာမဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာပဲ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ကြပါတော့မယ်။

၂၀၂၀ ရွေးကောက်ပွဲရဲ့ လေးနှစ်အကြာ ၂၀၂၄ မှာ နောက်တစ်ကြိမ်ထပ်မံကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဒီ သမ္မတရွေးကောက်ပွဲဟာ ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ခံနေရာက နုတ်ထွက်မှုကြောင့် အပြောင်းအလဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ခံနေရာကို ဒီမိုကရက်ဘက်က ကမ္မလာဟဲရစ်က အစားထိုးဝင်ရောက်လာခဲ့ပြီး ယခင်သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မေးစရာ မေးခွန်းက ပြည်ကြီးအမေရိကန်ဟာ နိုဝင်ဘာ ၅ မှာ သူတို့ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတကို တင်မြှောက်နိုင်မလား၊ ဒေါ်နယ်ထရမ့်က ပလ္လင်ပေါ် ဒုတိယအကြိမ် ပြန်ရောက်မလားဆိုတာပါ။ ရွေးကောက်ပွဲရက်တွေ နီးလာတာနဲ့အမျှ သတင်းမီဒီယာတွေဟာလဲ ကမ်ပိန်းတွေက အကြိုမဲခွဲမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြပါပြီ။

လက်ရှိအကြိုမဲခွဲမှုတွေမှာ ဘယ်သူအနိုင်ရနေလဲ . . .?

တကယ့်ရွေးကောက်ပွဲမတိုင်ခင် ကျင်းပတဲ့ အကြိုမဲခွဲမှုတွေမှာတော့ ကမ္မလာဟဲရစ်ဟာ ထရမ့်ထက် ပမာဏနည်းနည်း ပိုအသာစီးရနေပေမဲ့ နှစ်ယောက်လုံး မတိမ်းမယိမ်းအနေအထားမှာ ရှိနေပါတယ်။ ကမ္မလာက သူ(မ)ရဲ့ စည်းရုံးရေးတွေ စတင်တဲ့ ပထမအပတ်မှာတင် လူထုထောက်ခံမှု တဟုန်ထိုး ရရှိခဲ့တာပါ။

အကြိုမဲခွဲမှုတွေကို နိုင်ငံအနှံ့အပြားမှာ ကျင်းပနေခဲ့တာ ဖြစ်ပြီး အဲဒီက အချက်အလက်တွေအရ ကမ္မလာဟဲရစ် လက်ရှိအချိန်မှာ အသာစီးရနေတယ်ဆိုပေမဲ့ အမေရိကန်ရွေးကောက်ပွဲက လူထုထောက်ခံမှု တစ်ခုတည်းအပေါ် မူတည်တာ မဟုတ်ပါဘူး။ အဲဒီအစား Electoral College လို့ ခေါ်တဲ့ လူဦးရေနဲ့ ညီမျှတဲ့ ကိုယ်စားပြုမဲပေးသူတွေက တစ်ဆင့် ကိုယ့်ရဲ့ ဆန္ဒမဲကို ထည့်ရတာပါ။ ဒီလိုထည့်ဖို့ ပြည်နယ်ရဲ့ လူဦးရေအပေါ်လိုက်လို့ ကိုယ်စားလှယ်တွေ ထားရှိထားပြီး စုစုပေါင်း ၅၃၈ ယောက် ရှိပါတယ်။ ပြည်နယ်တစ်ခုမှာ မဲအများဆုံးရတဲ့ သမ္မတလောင်းက အဲဒီပြည်နယ်ရဲ့ ဆန္ဒမဲတွေအကုန်လုံးကို ပိုင်ဆိုင်မှာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အနည်းဆုံး Electoral Vote အခု ၂၇၀ လိုအပ်သလို မဲရတဲ့ ပြည်နယ်များတိုင်းလဲ မနိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အခု ၅၀ ရှိပါတယ်။ နမူနာ ဝိုင်အိုမင်း၊ အလက်စကာ၊ ဒါကိုတာ၊ ဝါရှင်တန်လို နေရာတွေက မဲတွေထက် ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါတို့လို ပြည်နယ်တွေက မဲပမာဏက အများကြီးပိုပါတယ်။ ပြည်နယ်အများစုက ရီပက်ဘလစ်ကန်လား၊ ဒီမိုကရက်လား ကွဲကွဲပြားပြားရှိကြပေမဲ့ တချို့ပြည်နယ်တွေကတော့ အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ ပြည်နယ်တွေ (Swing States) ကို ကိုယ့်ကို မဲပေးအောင် အတိုက်အခံတွေက အထူးကြိုးစားအားထုတ်ကြပြီး ဒီနည်းနဲ့ပဲ ရွေးကောက်ပွဲကို နိုင်အောင် ဆောင်ရွက်ကြတာပေါ့။

လောလောဆယ်တော့ ဒီ Swing State တွေမှာ ဘယ်သူအနိုင်ရနိုင်လဲ အကြိုမဲခွဲမှုတွေကလဲ မဆုံးဖြတ်နိုင်သေးသလို ကနဦးမဲရလဒ်တွေဟာလဲ အမှားပမာဏများပြားနိုင်ပါတယ်။ ဒီတစ်ခေါက် သမ္မတရွေးကောက်ပွဲဟာ အတော်လေး အကြိတ်အနယ်နိုင်ပြီး ဘယ်သူနိုင်မယ်လို့ ရေရေရာရာမခန့်မှန်းနိုင်တဲ့ အခြေအနေပါ။ ၂၀၁၆ ကဆိုရင် ဒေါ်နယ်ထရမ့်ဟာ ဟီလာရီကလင်တန်ထက် လူထုမဲဆန္ဒ ၃ သန်းလောက် လျော့ပြီး ရခဲ့ပေမဲ့ သမ္မတဖြစ်လာပါတယ်။ ဒါမျိုးက အတော်လေးကို ရှားပါးပြီး သာမန်အားဖြင့်တော့ ပြည်နယ်ကိုယ်စား ရွေးကောက်မဲထည့်သူတွေဟာ လူထုအနှစ်သက်ဆုံး၊ မဲအများဆုံးပြိုင်ပွဲဝင်ကိုပဲ မဲပေးလေ့ ရှိတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်နယ်ငယ်တွေကလဲ သမ္မတလောင်းအတွက် အရေးကြီးသလို အပြောင်းအလဲဖြစ်နေတဲ့ ပြည်နယ်တွေကို အာရုံစိုက်ဖို့ကလဲ ရွေးကောက်ပွဲမှာ ပဓာနကျပါတယ်။ ထရမ့်နဲ့ ကမ္မလာ နှစ်ဦးစလုံးကတော့ မဲဆွယ်ရေးကမ်ပိန်းတွေနဲ့ စကားစစ်ထိုးပွဲတွေကို အကြိတ်အနယ်ဆောင်ရွက်ခဲ့ပြီးပါပြီ။

ငါးရက်နေ့အတွက် စိတ်လှုပ်ရှားနေကြရမဲ့ အချိန်လို့ ပြောရင်လဲ မမှားပါဘူး။

References: https://www.bbc.com/news/articles/cj4x71znwxdo

သမ္မတရွေးကောက်ပွဲက နုတ်ထွက်လိုက်တဲ့ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ရဲ့ အနာဂတ်
သမ္မတ ဂျိုးဘိုင်ဒန်က လာမဲ့ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကနေ တရားဝင်နုတ်ထွက်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ဂျ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!