အမေရိကန်ပြည်ထောင်စုရဲ့ လုပ်သားဈေးကွက် (Job Market) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရုတ်တရက် ပြန်လည်အားကောင်းလာတယ်လို့ ကမ္ဘာ့သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဈေးကွက်ထဲမှာ အလုပ်အကိုင် နေရာသစ်ပေါင်း ၂၅၄,၀၀၀ ကျော် တိုးလာခဲ့ပြီး ဒီပမာဏက စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတဲ့ ၁၄၀,၀၀၀ ထက် အများကြီး ကျော်လွန်နေတာပါ။ ကျွမ်းကျင်သူအများစုက အမေရိကန်ရဲ့ စီးပွားရေးအခြေအနေကို တဖြည်းဖြည်းနဲ့ ကျဆင်းလာနေတယ်လို့ ခန့်မှန်းနေချိန်မှာ ခုလို လုပ်သားဈေးကွက် ရုတ်တရက် ထောင်တက်လာတာဟာ မထင်မှတ်ထားကြတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လထဲမှာ ကျဆင်းနေခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေလဲ ပြန်မြင့်တက်လာပြီး ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလ သုံးလအတွက် ပျမ်းမျှ အလုပ်ခေါ်ယူမှု ပမာဏက ၁၈၆,၀၀၀ အထိ ရှိလာခဲ့တာပါ။ အလုပ်လက်မဲ့နှုန်းကလဲ ၄.၂ ရာခိုင်နှုန်းကနေ ၄.၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်ကနေ ၅၄ နှစ်အတွင်း အလုပ်လုပ်နိုင်သူ အချိုးအစားကလဲ ၈၃.၈ ရာခိုင်နှုန်းမှာ ဆက်လက်ရပ်တည်နေဆဲပါ။
လုပ်သားတွေရဲ့ လစာနှုန်းထားကလဲ တစ်နာရီကို ပျမ်းမျှ ၁၃ ဆင့်စီ တိုးမြင့်လာခဲ့ပါတယ်။ သဘောက လစာတိုးတက်မှုနှုန်းလဲ သင့်တင့်မျှတလာနေတာပါ။ အခုလို အလုပ်အကိုင်ဈေးကွက် ပြန်အားကောင်းလာတာကြောင့် အမေရိကန်ဗဟိုဘဏ်အနေနဲ့လဲ လာမဲ့လတွေမှာ အတိုးနှုန်းတွေကို လျှော့ချဖို့ ပြန်စဉ်းစားရမဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။
Reference: US job market September boom. (n.d.). Perplexity AI. https://www.perplexity.ai/page/us-job-market-september-boom-6atM9fH_S9q0eck8yGXwbQ
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia