အမေရိကန်ကတော့ လက်ရှိ ၂၀၂၄ ခုနှစ်၊ ပဲရစ်အိုလံပစ်ရဲ့ ကစားပွဲပေါင်းများစွာမှာ အနိုင်ရထားပြီး တံဆိပ်ဇယားမှာ ဗိုလ်စွဲနေပါပြီ။

ဆုတံဆိပ် စုစုပေါင်း ၁၂၆ ခုကို ပိုင်ဆိုင်ထားပြီး အဲဒီထဲမှာ ရွှေတံဆိပ်က အခု ၄၀ ပါဝင်ပါတယ်။ ရိုက်တာနဲ့ အိုလံပစ်ကို အမေရိကန်မှာ အဓိက တာဝန်ယူ ထုတ်လွှင့်ပေးတဲ့ NBC သတင်းဌာနတို့က ပြောတာအရတော့ တရုတ်နဲ့ ရွှေတံဆိပ်ချင်း သရေဖြစ်ရာကနေ နောက်ဆုံး အမျိုးသမီးဘက်စကက်ဘောပြိုင်ပွဲမှာ အနိုင်ရသွားလို့ အမေရိကန် အသာစီး ရသွားတာပါ။

ပဲရစ်အိုလံပစ်မှာ အမေရိကန် အားကစားသမားတွေက ဂိမ်းပေါင်းမြောက်မြားစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ စုစုပေါင်း ရွှေတံဆိပ် အခု ၄၀၊ ငွေတံဆိပ် ၄၄ ခုနဲ့ ကြေးတံဆိပ် ၄၂ ခုတို့ ရခဲ့ကြပါတယ်။ တစ်နည်း ပြောရရင်တော့ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေထဲ အမေရိကန်ပြိုင်ပွဲဝင်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အများဆုံး ဆုတံဆိပ်ပမာဏအဖြစ်လဲ စံချိန်တင်သွားတာပါ။ ၂၀၁၆ ခုနှစ်၊ ဘရာဇီးမြို့တော် ရီယိုအိုလံပစ်မှာ ရယူနိုင်ခဲ့တဲ့ ဆုတံဆိပ်ပေါင်း ၁၂၁ ခု စံချိန်ကို ချိုးလိုက်နိုင်တယ်လို့လဲ ပြောရပါမယ်။ အခုတစ်ခေါက် ဆုတံဆိပ်ပေါင်း ၁၂၆ ခုကိုတော့ ပြိုင်ပွဲဝင်ပေါင်း ၂၅၇ ယောက်က လက်ခံခဲ့ကြတာ ဖြစ်ပြီး အဲဒီထဲက ၆၅ ရာခိုင်နှုန်းသော ပြိုင်ပွဲဝင်တွေက အခုမှ အိုလံပစ်ဆုတံဆိပ် ရဖူးတာ ဖြစ်ပါတယ်။ ဒီတစ်‌ခေါက် ပဲရစ်အိုလံပစ်မှာ အမျိုးသမီးပါဝင်မှုနှုန်းလဲ များလာပြီးတော့ အမျိုးသမီးတွေချည်း ရခဲ့တဲ့ တံဆိပ် ၆၇ ခုထိ ရှိခဲ့သလို ပြိုင်ပွဲဝင် ၁၃ ယောက်လောက်က တစ်ခုထက် ပိုတဲ့ ရွှေတံဆိပ်တွေ ရခဲ့ကြတာပါ။

 အမေရိကန်နဲ့ တွဲရက် ကပ်လိုက်လာနေတာကတော့ တရုတ်ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်က အားကစားမှာလဲ နှစ်ဖက်စလုံးက မတိမ်းမယိမ်းမို့ နောက်ဆုံးပွဲစဉ်တွေမှာ အနိုင်ရတာချင်း တူနေပါတယ်။ နှစ်ဖက်စလုံးမှာ ရွှေတံဆိပ်ဆုပေါင်း ၄၀ လက်ဝယ်ရထားလို့ အိုလံပစ်မှာ ဖြစ်ခဲတဲ့ သရေအခြေအနေ ကြုံနေရတာပါ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလို၊ အမေရိကန်ဘက်က ရွှေတံဆိပ်စုစုပေါင်း ၁၂၆ ခု ဖြစ်နေပြီး တရုတ်မှာက ၉၁ ခုပဲ ရှိလို့ အမေရိကန် အသာစီးရသွားပါတယ်။

Reference: [US Dominates Olympic Medal Table]. (n.d.). Perplexity.Ai. Retrieved August 13, 2024, from https://www.perplexity.ai/page/us-dominates-olympic-medal-tab-6w4Kr9XjQgyLzELEto6kXg

အောက်က သတင်းကို ဆက်ဖတ်ဖို့ အကြံပြုပါတယ်။

Google ရဲ့ DeepMind ဉာဏ်ရည်တု မော်ဒယ် သင်္ချာအိုလံပစ်မှာ ငွေတံဆိပ်ဆုရ
Google က ထုတ်လုပ်ထားတဲ့ DeepMind ဉာဏ်ရည်တု နည်းပညာမော်ဒယ်က နောက်ထပ် မှတ်ကျောက်တစ်ရပ်ကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!