အမေရိကန်အစိုးရက တရုတ်နိုင်ငံကို အဆင့်မြင့် ကွန်ပျူတာနည်းပညာပစ္စည်းတွေ တင်ပို့ခွင့် ပိတ်ပင်လိုက်တာကြောင့် Nvidia, Intel နဲ့ AMD လို ကုမ္ပဏီကြီးတွေ အခက်တွေ့နေပါတယ်။ ဒီအချိန်မှာပဲ တရုတ်ရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီ Huawei က အခွင့်ကောင်းယူပြီး ပြည်တွင်း ဉာဏ်ရည်တုချစ်ပ် ဈေးကွက်မှာ တဖြည်းဖြည်း ကြီးစိုးလာတာပါ။

ထရမ့်အစိုးရက Nvidia ကုမ္ပဏီရဲ့ အဆင့်မြင့် ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ ချစ်ပ်တွေကို တရုတ်ဆီ မရောင်းဖို့ စည်းကြပ်ခွန်တွေနဲ့ တားမြစ်လိုက်တာကြောင့် ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၅.၅ ဘီလီယံ ဆုံးရှုံးရမယ်လို့ ခန့်မှန်းထားသလို ဒီကိစ္စကြောင့်ပဲ Nvidia ရဲ့ ဈေးကွက်တန်ဖိုးက ၈.၄% နဲ့ Intel က ၆.၈% အထိ ကျဆင်းသွားခဲ့ပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။

ဒီလို ပိတ်ပင်မှုတွေဟာ Huawei အတွက် အခွင့်အလမ်းကောင်း ဖြစ်လာပြီး သူ့ရဲ့ "Ascend" အမည်ရ ပြည်တွင်းထုတ် ချစ်ပ်တွေကို တရုတ်ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးလာနိုင်တယ် ဆိုပါတယ်။ ဒီကွန်ပြူတာချစ်ပ်တွေဟာ အမေရိကန်ရဲ့ ဆီလီကွန်တောင်ကြားက ချစ်ပ်တွေလောက် စွမ်းဆောင်ရည်မကောင်းပေမဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ရွေးချယ်စရာ မရှိတော့ချိန် အသုံးပြုလာရတာပါ။ အမေရိကန်ကုမ္ပဏီတွေကတော့ သူတို့ရဲ့ဈေးကွက်တန်ဖိုးတွေ တစ်စစ လျော့ကျလာတာအပေါ် စိုးရိမ်မှုမြင့်တက်လာနေပါတယ်။

ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ ချစ်ပ်ထုတ်လုပ်တဲ့ ထိုင်ဝမ်နိုင်ငံက TSMC ကုမ္ပဏီလဲ ဒီကိစ္စမှာ ပါဝင်ထိခိုက်နေပါတယ်။ အမေရိကန်အစိုးရက ဖိအားပေးတာကြောင့် TSMC ဟာ တရုတ်ကုမ္ပဏီတွေကို အဆင့်မြင့်နည်းပညာနဲ့ ချစ်ပ်တွေ ထုတ်လုပ်ပေးတာ ရပ်ဆိုင်းခဲ့ရသလို တရုတ်ကလဲ ဒါကို တန်ပြန်ဖို့ သူတို့ကိုယ်ပိုင် နည်းပညာတွေ တီထွင်ဖို့ ပိုကြိုးစားလာတာကို တွေ့ရတာပါ။

အဆိုပါ အမေရိကန်-တရုတ် နည်းပညာစစ်ပွဲဟာ နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုတိုးလာစေပြီး အခုဆိုရင် တရုတ်နိုင်ငံက နည်းပညာပိုင်းမှာ ကိုယ့်ဖာသာ ရပ်တည်နိုင်ဖို့ ပိုပြီး ကြိုးစားလာတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

Reference:

US chipmakers worry they are losing China’s AI market to Huawei. (n.d.). Perplexity AI. https://www.perplexity.ai/page/us-chipmakers-worry-they-are-l-raAun.wDQI2PdpjjUT4HJw

ဆက်စပ်ဖတ်ရှုဖို့

ပေကျင်းမြို့မှာ ကမ္ဘာ့ပထမဆုံး လူနဲ့စက်ရုပ် မာရသွန် ကျင်းပ
China hosted the world’s first human-robot half-marathon in Beijing, featuring 21 humanoid robots alongside thousands of human runners.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!