Wall Street Journal က သတင်းထောက် Evan Gershkovich အပါအဝင် အမေရိကန်လူမျိုး ရုရှားအကျဉ်းသားတချို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှားရဲ့ အကျဉ်းသားလဲလှယ်ပွဲမှာ ပြန်လည်လွတ်မြောက်လာပါတယ်။ နှစ်နိုင်ငံ သဘောတူချက်အရ အမေရိကန်ဘက်က ထိန်းသိမ်းထားတဲ့ ရုရှားလူမျိုး အကျဉ်းသား ၈ ယောက်ကို ရုရှားဘက်က ထိန်းသိမ်းထားတဲ့ အမေရိကန်လူမျိုး အကျဉ်းသား ၁၆ ယောက်နဲ့ လဲလှယ်လိုက်တာပါ။

အဲဒီလဲလှယ်မှုထဲမှာ အမေရိကန်လူမျိုး သတင်းထောက် Evan Gershkovich လဲ ပါဝင်ပါတယ်။ အီဗန့်ကို ရုရှားအစိုးရက ရုရှားနိုင်ငံကို သူလျှိုလုပ် ထောက်လှမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လပိုင်းကပဲ ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်တာပါ။ ဒီ့အတွက်ကြောင့် အီဗန်က စစ်အေးတိုက်ပွဲနောက်ပိုင်းမှာ ‘စပိုင်လုပ်မှု’ နဲ့ အကျဉ်းချခံရတဲ့ ပထမဆုံး အမေရိကန်လူမျိုး သတင်းထောက် ဖြစ်လာပါတယ်။ အဲဒီလို ‘စပိုင်လုပ်မှု’ နဲ့ စွဲချက်တင်ထောင်ချခံခဲ့ရတဲ့ထဲမှာ မရိန်းစစ်သားဟောင်း Paul Whelan လဲ ပါတာပါ။ ပေါလ်က ၂၀၁၈ ခုနှစ်မှာ ရုရှားနိုင်ငံမှာရှိတဲ့ သူ့မိတ်ဆွေရဲ့ မင်္ဂလာဆောင်ဆီ အလည်သွားရင်းနဲ့ မော်စကိုမှာ အဖမ်းခံခဲ့ရပါတယ်။ နောက်၊ အမေရိကန်အစိုးရက စေလွှတ်တဲ့ သူလျှိုဖြစ်တယ်လို့ စွဲချက်တင်ရင်း ‘စပိုင်လှုပ်မှု’ နဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားရတာပါ။ ပြီးရင် ရုရှား-အမေရိကန်လူမျိုး အမျိုးသမီးသတင်းထောက် Alsu Kurmasheva ကိုလဲ ရုရှားစစ်တပ်အကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင် ၆ နှစ် ချထားပါသေးတယ်။ အခုတော့ ဒီလူတွေအားလုံး သူတို့ရဲ့ မိခင်တိုင်းပြည်ဆီ ပြန်ရောက်လာပါပြီ။

အလဲအလှယ်ဖြစ်လို့ အမေရိကန်ဘက်က ပြန်လွှတ်ပေးလိုက်ရတဲ့ ရုရှားအကျဉ်းသားတွေလဲ အများကြီး ရှိပါတယ်။ အဲဒီထဲက တစ်ယောက်က ရုရှားလုံခြုံရေးအေဂျင်စီရဲ့ ဗိုလ်မှူးကြီး Krasikov ပါ။ ကရာဆီကော့ဗ်က နာမည်ကြီး ရုရှားလူမျိုး အကျဉ်းသားဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ရုရှားအတိုက်အခံ‌ ချေချင်းညာအဖွဲ့ဝင်တစ်ဦးကို ဂျာမနီက ဘာလင်ပန်းခြံမှာ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ဂျာမန်မှာ အကျဉ်းကျနေသူ ဖြစ်ပါတယ်။ ပစ္စတိုသေနတ်ကို အသံတိတ်ပြောင်းတပ်ပြီး နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ပစ်ခတ်လုပ်ကြံခဲ့ပြီးပြီးချင်းမှာပဲ ဂျာမန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရတာပါ။ နောက်တော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရပါတယ်။ အခုတော့ အကျဉ်းသားလဲလှယ်ပွဲမှာ ရုရှားက ကရာဆီကော့ဗ်ကို စာရင်းရဲ့ ထိပ်ဆုံးကနေ တောင်းဆိုထားလို့ လွှတ်ပေးလိုက်ရပါပြီ။

ပြန်လွှတ်ပေးလိုက်တဲ့ထဲမှာ ဒေါ်လာသန်းနဲ့ချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို ပြုလုပ်ခဲ့တဲ့ ရုရှားအကျဉ်းသားတွေလဲ ပါဝင်ပါတယ်။ အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး တရားမဝင်ရောင်းချခဲ့ရာကနေ ဒေါ်လာသန်း ၃၀ ကျော် အမြတ်ငွေထွက်ခဲ့တဲ့ Klyushin က အဲဒီထဲက တစ်ယောက်ပါ။ ရုရှားကရင်မလင်နန်းတော်အတွက် ဆိုက်ဘာလုံခြုံရေးတာဝန်ယူပေးရတဲ့ ကုမ္ပဏီတစ်ခုကို ကိုယ်စားပြုရင်း ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ နောက် Roman Seleznev အမည်ရ သန်းနဲ့ချီတဲ့ ခရက်ဒစ်ကဒ်နံပါတ်တွေကို ဘဏ်တွေက တစ်ဆင့် ရယူပြီး မှောင်ခိုရောင်းချခဲ့သူလဲ အပါအဝင်ပါ။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အစိုးရကနေ သူ့ကို ဆိုက်ဘာလုံခြုံရေးပြစ်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ပြီး သမိုင်းတစ်လျှောက် ဆိုက်ဘာပြစ်မှုနဲ့ ပတ်သက်လို့ ချမှတ်တဲ့ထဲ သက်တမ်းအကြာဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက် အမေရိကန်က ကိုယ်စားပြုပြီး လွှတ်ပေးလိုက်ရတဲ့ ရုရှားဘက်က စပိုင်တချို့လဲ ရှိပါသေးတယ်။ လဲလှယ်မှုကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည (မြန်မာအချိန်) က တူရကီလေဆိပ်မှာ ပြုလုပ်ခဲ့တာပါ။ အကျဉ်းသားတွေ လဲတဲ့အချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ နှစ်ယောက်စလုံး နေရာမှာ ရှိနေခဲ့ပြီး လွတ်မြောက်လာတဲ့ သူတို့နိုင်ငံသားအသီးသီးကို လက်ဆွဲနှုတ်ဆက် ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ဟာ စစ်အေးတိုက်ပွဲပြီးကတည်းက အခုလို တရားဝင်အကျဉ်းသားလဲလှယ်တာမျိုး ပေါ်ပေါ်ထင်ထင် မလုပ်ကြတော့ပါဘူး။ ကြားထဲမှာ လုပ်ခဲ့တဲ့ အချိန်ကာလတွေလဲ ရှိပေမဲ့ သာမန်ကာလျှံကာ အကျဉ်းသားတွေလောက်ကိုပဲ သံတမန်ဆက်ဆံရေးအရ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခုလို ပြစ်မှုကြီးတွေနဲ့ ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကိုတော့ အလဲအလှယ် မလုပ်တာ ကြာပါပြီ။ အနောက်နိုင်ငံတချို့နဲ့ ဥရောပနိုင်ငံတွေကတော့ အခုလို လဲလှယ်မှုရဲ့ ‘မျက်နှာစာ’ မှာ အင်အားကြီးတဲ့ နိုင်ငံနှစ်နိုင်ငံရဲ့ ငြိမ်းချမ်းမဲ့ အရေး‌ ဆောင်ရွက်တာက ဂုဏ်ယူစရာလို့ ပြောနေကြပါတယ်။ တကယ့်တကယ်တမ်း ကမ္ဘာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အခုလို လဲလှယ်ပွဲတွေရဲ့ နောက်ကွယ်မှာ လူမသိ၊ သူမသိ ညှိနှိုင်းမှုတွေ၊ သဘောတူညီချက်တွေနဲ့ တခြားရည်ရွယ်ချက်တွေအများကြီး ရှိနေနိုင်တယ်လို့ ဆိုနေတာပါ။

ဒါဖြင့်ရင် ဒီအကျဉ်းသားတွေဟာ ကမ္ဘာကြီးကို စိုးမိုးထားသူတွေ ကစားတဲ့ စစ်တုရင်ခုံမှာ ပွန်းရုပ်မျှသာလား . . ?

References: Mackintosh, T. (2024, August 2). Americans freed in Russia prisoner swap land in US. https://www.bbc.com/news/articles/cv2g2dx7d9wo


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

ဒီသတင်းတွေကို ဆက်ဖတ်ဖို့ အကြံပြုပါတယ်။

သမ္မတရွေးကောက်ပွဲက နုတ်ထွက်လိုက်တဲ့ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ရဲ့ အနာဂတ်
သမ္မတ ဂျိုးဘိုင်ဒန်က လာမဲ့ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကနေ တရားဝင်နုတ်ထွက်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ဂျ
Share this article
The link has been copied!