ဥရောပသမဂ္ဂမှာ ပထမဆုံး နိုင်ငံတကာလျှပ်စစ်လေယာဉ်ခရီးစဉ်တွေ စတင် ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

ဒီလို လျှပ်စစ်လေကြောင်းဖြင့် ပျံသန်းမှုခရီးစဉ်တွေကို ဥရောပသမဂ္ဂမှာ အခုနှစ်နွေရာသီအတွင်း နိုင်ငံတကာကို  စတင်ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားကြောင်း Perplexity AI ရဲ့ ထုတ်ပြန်ချက်ဖော်ပြချက်အရသိရပါတယ်။

ဒီလိုလျှပ်စစ်လေကြောင်း ဖြင့် ဝန်ဆောင်မှုခရီးစဉ်တွေအရှိန်အဟုန်နဲ့အကောင်အထည်ဖော်ရတာ ဟာ ရေရှည်တည်တံ့တဲ့ လေကြောင်း ခရီးစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်လာဖို့ ဥရောပ သမဂ္ဂအနေနဲ့ ရည်မှန်းထားတာဖြစ်ပါတယ်။

၂၀၂၄ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ  သြဂုတ်လ ၃၁ ရက်နေ့အထိအဆိုပါ  Electrifly ပရောဂျက်က  နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့  ဂျာမနီနိုင်ငံရှိ လေဆိပ်တွေအကြားပျံသန်းပြေးဆွဲမှုကို စတင်မှာဖြစ်ပါတယ်။

ဒီလိုလျှပ်စစ်လေကြောင်းလိုင်းဝန်ဆောင်မှုဟာ  ခရီးသည်တွေအတွက်ကာဗွန်ဒိုင်အောက်ဆိုဒ်  ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်တဲ့ လေကြောင်းခရီးစဉ် ဖြစ်လာဖို့အတွက် ရည်ရွယ်ပြီး  ဥရောပ သမဂ္ဂအနေနဲ့ အခုလိုအဆင့်မြင့်ဝန်ဆောင်မှုတွေပေးတာဖြစ်ပါတယ်။

Reference:

https://www.perplexity.ai/page/europe-s-first-electric-intern-cXg9JI.CRfesTWIgqU12DQ#:~:text=and%20Future%20Prospects-,Europe%27s%20First%20Electric%20International%20Flights,-Curated%20by

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!