အရှေ့တောင်အာရှ နိုင်ငံတွေအတော်များများထဲ ပြီးခဲ့တဲ့အပတ်တွေက ဝင်ရောက်ခဲ့တဲ့ ခုနှစ်နှစ်အတွင်း အင်အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်၊ မြန်မာနဲ့ ထိုင်းအပါအဝင် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ သဘာဝဘေးအန္တရာယ်တွေကို ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧကထောင်နဲ့ချီတဲ့ လယ်ယာမြေတွေ ရေဘေးကြောင့် ပျက်စီးသွားရပြီး လူသုံးသိန်းကျော် ရေဘေးရှောင်နေရတာပါ။ အိုးအိမ်ထိခိုက်ပျက်စီးမှုတွေ၊ ကျပ်ငွေဘီလျံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေနဲ့ အသက်သေဆုံးမှုတွေလဲ အမြောက်အမြားပါပဲ။

ဒီလိုရှောင်လွှဲလို့ မရတဲ့ သဘာဝဘေးတွေ တစ်ခါတစ်ခါ ဖြစ်လိုက်တိုင်း ကြုံတွေ့ရသူ နိုင်ငံတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အင်တိုက်အားတိုက် ပြန်လည်ကြိုးပမ်းရသလို စီးပွားရေးအရလဲ အများကြီး ဆုတ်ယုတ်သွားကြပါတယ်။

နမူနာ၊ ရာဂီမုန်တိုင်းဒဏ်ကို အဓိကခံလိုက်ရတဲ့ တရုတ်နိုင်ငံဆိုရင် ‘တရုတ်ပြည်က ဟာဝိုင်အီ’ လို့ တင်စားကြတဲ့ ဟိုင်နန်းကျွန်းမှာ မုန်တိုင်းကြောင့် ခရီးသွားလုပ်ငန်းတွေ အချိန်အကြာကြီး ရပ်နားထားလိုက်ရပြီး အဲဒီကရတဲ့ ဝင်ငွေ အတော်လျော့ကျသွားတာပါ။ ဖိလစ်ပိုင်နိုင်ငံမှာလဲ ဒေသခံပြည်သူ သုံးသန်းကျော် မုန်တိုင်းဒဏ်ကို အလူးအလှိမ့်ခံခဲ့ရပြီး စိုက်ပျိုးရေးနဲ့ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုက တန်ကြေးတော်တော် များခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာမှာလဲ ရာဂီကြောင့် တိမ်စိုင်ပြိုကွဲမှုကနေ မိုးရွာသွန်းမှု များပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တာကြောင့် သိန်းနဲ့ချီတဲ့ လူတွေ ရွှေ့ပြောင်းခဲ့ကြရသလို စိုက်ပျိုးရေးလုပ်ငန်းတွေလဲ ပျက်စီးခဲ့ရလေရဲ့။

ဒေတာတွေအရဆိုရင်

ဗီယက်နမ်နိုင်ငံမှာ မုန်တိုင်းကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီးခဲ့ပြီး
အိမ်ပေါင်း တစ်သိန်းခွဲလောက် ထိခိုက်ခဲ့ပါတယ်။ လေယာဉ်တွေလဲ ရပ်နားခဲ့ရပြီး စီးပွားရေးလုပ်ငန်းတွေလဲ မလည်မပတ်နိုင် ဖြစ်ခဲ့ရတာပါ။ အဲဒီနောက် မြန်မာနိုင်ငံမှာလဲ သောင်းနဲ့ချီတဲ့ အိုးအိမ်တွေနဲ့ အဆောက်အအုံတွေ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားပြီး အဲဒီထဲမှာ စစ်ဘေးရှောင်စခန်းတွေနဲ့ လက်ရှိစစ်ဒဏ်သင့်နေတဲ့ နေရာတွေလဲ ပါဝင်ပါတယ်။ တရုတ်နိုင်ငံကတော့ ဟာရီကိန်း အဆင့်ငါးနဲ့ ညီမျှတဲ့ ရာဂီရဲ့ အင်အားအပြင်းဆုံး အခြေအနေကို ပြီးခဲ့တဲ့ လတွေကတည်းက ရင်ဆိုင်နေရပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ ဒီမုန်တိုင်းကြောင့် ဘေးဒုက္ခရောက်နေရတာပါ။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတဲ့ နေရာတွေကတော့ ဒီနိုင်ငံတွေအတွက် ပြန်လည်ထူထောင်ရေးအကူအညီတွေနဲ့ အရေးပေါ်အကူအညီတွေ ပေးပို့နေပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာတော့ ဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

References: Guinto, K. N. a. J. (2024, September 6). Yagi: China evacuates 410,000 ahead of super typhoon. https://www.bbc.com/news/articles/c4gz3rk71n7o


Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!