တရုတ်(ဟောင်ကောင်)  ကနေ  ပုလဲမြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီးတွေနဲ့  ချိတ်ဆက် ဆက်သွယ်ပေးမယ့်  Mega ပရောဂျက်အဆင့်ရှိ   တံတားကြီး ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ 

ပုလဲမြစ်ဝကျွန်းပေါ်ဒေသကို ဆက်သွယ်ပေးမယ့်  Shenzhen - Zhongshan (ရှန်ကျန်း-ဂျွန်ရှန်း)Linkတံတားကိုတရုတ်နိုင်ငံကဦးစီးတည်ဆောက်ထားတာဖြစ်ပြီး  ပြီးခဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့တာကို CCTV က ထုတ်လွှင့်ပြသခဲ့တာကိုကိုးကားပြီး AP သတင်းမှာဖော်ပြထားပါတယ်။

၂၄ ကီလိုမီတာ ရှည်လျားတဲ့ ဒီ  တံတားက တရုတ်(ဟောင်ကောင် )ကနေ   ပုလဲမြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီးတွေနဲ့ချိတ်ဆက်ပေးမှာဖြစ်ပြီး ၂ နာရီသာကြာမြင့်တဲ့  Shenzhen-Zhongshan (ရှန်ကျန်း - ဂျွန်ရှန်း) အကြား  ခရီးသွားချိန်ကို ဒီတံတားကနေသွားလာပါက မိနစ် ၃၀ သာ ကြာမြင့်တော့မှာဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ထုတ်ပြန်  ဖော်ပြချက်အရ သိရပါတယ်။

 ဒီ Mega ပရောဂျက်အဆင့်ရှိတံတားကြီးဆောက်လုပ်မှုအတွင်း ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု၊ တံတားနှစ်စင်းနဲ့  လူတွေဖန်တီးဆောက်လုပ်ထားတဲ့ ကျွန်းတုနှစ်စင်းတို့ ပါဝင်တယ်လို့သိရပါတယ်။ 

ဒီကျွန်း တု တစ်ခုနဲ့  ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုတို့  ချိတ်ဆက်ထားပြီး  ပထမဆုံးသော ရေအောက် အဝေးပြေးလမ်းမကြီးအဖြစ် ပြောင်းလဲသွားတာဖြစ်တယ်လို့  ပြည်တွင်းမီဒီယာတွေရဲ့ထုတ်ပြန်  ဖော်ပြချက်အရ သိရပါတယ်။

 ဒီတံတားကို ခုနစ်နှစ်နီးပါးကြာအောင်  တည်ဆောက်ပြီးနောက် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တံတားဆောက်လုပ်မှုအတွင်း  အခက်ခဲဆုံး ပရောဂျက်တွေထဲက  တစ်ခုဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ပြောကြားချက်အရသိရပါတယ်။

Reference

China opens mega-bridge linking Hong Kong to mainland
China on Tuesday opened the world’s longest sea-crossing bridge linking Hong Kong to the mainland, a feat of engineering carrying immense economic and political significance. Chinese President Xi Jinping presided over a ceremony in the city of Zhuhai to open the 55-kilometer (34-mile)-long bridge linking it to the semi-autonomous regions of Hong Kong and Macau. It includes an undersea tunnel allowing ships to pass through the Pearl River delta, the heart of China’s crucial manufacturing sector.

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!