Shows: Breakdowns

ရှေးရိုးစွဲအယူအဆတစ်ခုကတော့ တရုတ်နိုင်ငံကို "ဗဟိုနိုင်ငံတော်"လို့ခေါ်ဆိုကြတာပါ။ ဒါကြောင့်လည်း မျိုးဆက်သစ် တရုတ်လူငယ်တွေက တရုတ်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ ဗဟိုချက်ဆိုပြီး ယုံကြည်နေကြဆဲပါ။ ဒါပေမဲ့ ပထဝီနိုင်ငံရေးအခက်အခဲတွေက အဲဒီရည်မှန်းချက်အတွက် အတားအဆီးပေါင်းများစွာနဲ့ ရင်ဆိုင်နေရဆဲပါ။
တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း လက်မခံချင်သည့်တိုင် အသိအမှတ်ပြုလို့ မရလောက်တဲ့ အနေအထားကို ရောက်လာပါပြီ။ ဒါ့ကြောင့် တရုတ်နဂါး နိုးထလာပြီလော။ ဒီလိုဆိုရင် ကမ္ဘာကြီး ဘယ်လိုဘယ်ပုံ လှုပ်ရှားသွားမှာလဲ....။
စိတ်ဝင်စားဖွယ် ဒီမေးခွန်းတွေအတွက် အဖြေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။