အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ လာမဲ့ရွေးကောက်ပွဲမှာ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် တက်စ်လာနဲ့ SpaceX ရဲ့ စီအီးအို အီလွန်မက်စ်ခ်ကို အစိုးရအဖွဲ့ထဲ ဒါမှမဟုတ် အကြံပေးအဖြစ် ခေါ်ဖို့ စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

‘သူသာ လုပ်ချင်ရင်ပေါ့’ လို့ ရိုက်တာသတင်းဌာနက မေးမြန်းချက်ကို ထရမ့်က ဖြေထားတာပါ။

ဒါပေမဲ့ တစ်ဖက်မှာလဲ ထရမ့်က လျှပ်စစ်ကားတွေ ဝယ်ရင် ဆောင်ရတဲ့ အခွန်ခရက်ဒစ် ဒေါ်လာ ၇၅၀၀ ကို ဖျက်သိမ်းဖို့ အစီအစဉ်ရှိနေလို့ တက်စ်လာအတွက်တော့ ထမင်းအိုးလှုပ်ကိန်းဆိုက်နေပါတယ်။ ‘စည်းချက်ခွန်တွေ၊ ဝယ်ယူခွန်တွေဆိုတာ အရမ်းကောင်းတာတွေ‌တော့ မဟုတ်နေဘူး’ လို့ ထရမ့်က ဆိုလာတာပါ။ တကယ်လို့သာ ထရမ့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင်တော့ လျှပ်စစ်ကားတွေရဲ့ အနာဂတ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်။

မက်စ်ခ်ကတော့ ထရမ့်ဘက်က အဲဒီလိုကမ်းလှမ်းလာချက်ကို သူ့ရဲ့ ဆိုရှယ်မီဒီယာ X အကောင့်ပေါ်မှာ ‘တာဝန်ထမ်းဆောင်ဖို့ အသင့်ပါ’ ဆိုပြီး အကြောင်းပြန်ထားပါတယ်။

Reference: Lubin, R. (2024, August 20). Elon Musk says he’s ‘willing to serve’ after Trump said he might give him role in administration. The Independent. https://www.independent.co.uk/news/world/americas/us-politics/elon-musk-donald-trump-administration-ai-b2598900.html


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!