လက်ရှိ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲရဲ့ နောက်ဆုံးရ အခြေအနေအရ အမေရိကန်ရွေးကောက်ပွဲမှာ ရီဘက်ပလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် အနိုင်ရပါပြီ။ ထရမ့်ဟာ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲ ၂၇၀ မှာ ၂၆၇ ခုကို ရရှိထားပြီး ပြိုင်ဘက် ကမ္မလာဟဲရစ်ကို မဲအခုရေ ၄၀ ကျော်နဲ့ အသာစီးယူထားပါတယ်။ ပြီးခဲ့တဲ့ အကြိုမဲခွဲမှုတွေမှာ နှစ်ယောက်စလုံး ရလဒ်တွေ မတိမ်းမယိမ်းဖြစ်နေပေမဲ့ လက်ရှိမှာတော့ ထရမ့်ဟာ အနိုင်ရဖို့ အရေးကြီးတဲ့ ပင်ဆယ်လ်ဗေးနီးယားလို နေရာတွေက မဲတွေကို ရလိုက်ပြီး ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ အင်မတန်နီးစပ်နေတာပါ။ သမ္မတရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ရွေးကောက်ပွဲတွေလဲ တပြိုင်တည်း ပြုလုပ်နေပြီး အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ ရီပက်ဘလစ်ကန်ထိုင်ခုံတွေ နေရာဝင်ယူနေပါတယ်။ ထရမ့်ကတော့ ပင်ဆယ်လ်ဗေးနီးယားကို နိုင်အပြီးမှာပဲ ဖလော်ရီဒါက ရွေးကောက်ပွဲစုဝေးပါတီမှာ အောင်ပွဲမိန့်ခွန်းစပြောနေပါပြီ။

"အမေရိကန်ပြည်သူတွေအတွက် ဂန္ထဝင်အောင်ပွဲပါ၊ ကြီးမြတ်တဲ့ အမေရိက တစ်ဖန်ပြန်လာချိန်တန်ပြီ" လို့ ထရမ့်က ဆိုပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေကလဲ ဒေါ်နယ်ထရမ့်ဆီ ဂုဏ်ယူကြောင်း သဝဏ်လွှာတွေ ပေးပို့နေပြီ ဖြစ်ပြီး ရီဘက်ပလစ်ကန် ထောက်ခံသူတွေရဲ့အောင်ပွဲခံမှုကိုလဲ အကြီးအကျယ် မြင်နေရတာပါ။ မဲရေတွက်ဖို့ ကျန်နေသေးတဲ့ ပြည်နယ်တွေက ရလဒ်ကို သိရဖို့ အချိန်အနည်းငယ်လိုသေးပေမဲ့ Associated Press နဲ့ အခြားသတင်းမီဒီယာတွေရဲ့ တိကျတဲ့ ခန့်မှန်းချက်တွေနဲ့ ပြည်နယ်အလိုက် အပိတ်မဲရေတွက်မှုတွေအရတော့ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတ ပြန်ဖြစ်ဖို့ လက်တစ်ကမ်းအကွာပဲ လိုပါတော့တယ်။ လက်ရှိ ရှိနေတဲ့ Swing State (မိယိမ်းပြည်နယ်) ခြောက်ခုထဲက သုံးခုကို ထရမ့်နိုင်တာနဲ့ သေချာပေါက် သမ္မတဖြစ်ပါပြီ။

"တိုင်းပြည်အရေးကို ရှေ့တန်းပြန်တင်ဖို့ အချိန်သင့်ပါပြီ၊ ကျွန်တော်တို့ ပြုပြင်ဖို့ လိုနေပြီ။"

Source: Associated Press, Decision Desk

သန်ဘက်ခါကျင်းပမဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲ . . .?
The US presidential election takes place on 5 November. But it’s possible the candidate with the most votes won’t be the winner.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/ Facebook: https://www.facebook.com/buildmyanmar YouTube: https://youtube.com/@buildmyanmarmedia Telegram: https://t.me/+6_0G6CLwrwMwZTIx Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!