လက်ရှိရွေးကောက်ခံထားရပြီး မကြာခင်အိမ်ဖြူတော် တက်တော့မဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က TikTok ဘမ်းခံရမဲ့ကိစ္စအပေါ် သူနဲ့ ညှိနှိုင်းခွင့်ပြုဖို့ အမေရိကန်တရားရုံးချုပ်ကို အဆိုပြုလိုက်ပါတယ်။
အဲဒီတင်သွင်းလာတဲ့ အဆိုထဲမှာ ထရမ့်က တရားရုံးကို သူသမ္မတဖြစ်တာနဲ့ တစ်ပြိုင်နက် ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းမယ်လို့ ပြောထားတာပါ။
TikTok ကို အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးပြင်ဆင်ချက် (First Amendment) ကို ချိုးဖောက်ပြီး အမျိုးသားလုံခြုံရေးကို ထိပါးလို့ နိုင်ငံတစ်ဝှမ်း အသုံးပြုခွင့်ပိတ်ပင်မဲ့ ဥပဒေအပေါ် ဗဟိုတရားရုံးချုပ်က ကြားနာဖို့ ပြီးခဲ့တဲ့အပတ်ကပဲ သဘောတူလိုက်ပါတယ်။
လွှတ်တော်ပေါင်းစု (Congress) က တင်သွင်းလာတဲ့ အဲဒီဥပဒေထဲမှာ TikTok သာ မိခင်ကုမ္ပဏီ ByteDance အောက်က ဇန်နဝါရီလ ၁၉ ရက်မတိုင်ခင် ခွဲထွက်နိုင်ခဲ့ရင် အသုံးပြုခွင့်ပိတ်ပင်တားမြစ်မှာ မဟုတ်ကြောင်း ပါဝင်တာပါ။ နောက်၊ TikTok ဘက်က တရားရင်ဆိုင်ချိန်မှာ သူတို့ဟာ တရုတ်ကုမ္ပဏီ ByteDance ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိမနေကြောင်း ခိုင်ခိုင်လုံလုံထောက်ပြနိုင်ခဲ့ရင်လဲ သမ္မတအမိန့်နဲ့အတူ အသုံးပြုမှုပိတ်ပင်ချက်ကို ရပ်ဆိုင်းထားနိုင်ပါသေးတယ်။
ဒါပေမဲ့ သတ်မှတ်ရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က သမ္မတလောင်းဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီး အိမ်ဖြူတော်မတက်ခင် တစ်ရက်အလိုပါ။
ထရမ့်ဘက်ကတော့ ရက်ကိုရွှေ့ဆိုင်းပေးဖို့နဲ့ သူ့ဘက်က သဘောတူညီနှိုင်းမှုတွေ ဆောင်ရွက်နိုင်တယ်လို့ အခိုင်အမာဆိုထားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ပထမဆုံးသမ္မတသက်တမ်းမှာ TikTok ပလက်ဖောင်း ဘမ်းဖို့အရေးကို အင်တိုက်အားတိုက်ကြိုးပမ်းခဲ့သူ ဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ TikTok သုံးပြီး မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်နိုင်ပြီးတဲ့နောက် အခုလိုလေသံပြောင်းလာတာလဲ ဖြစ်ပါတယ်။
Reference: Heath, A. (2024, December 27). Trump asks Supreme Court to let him rescue TikTok from US ban. The Verge. https://www.theverge.com/2024/12/27/24330513/trump-asks-the-supreme-court-to-let-him-rescue-tiktok
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia