အမေရိကန်သမ္မတ Donald Trump က Bitcoin နဲ့ Ethereum တို့လို ဒစ်ဂျစ်တယ်ငွေကြေးတွေကို အမေရိကန်နိုင်ငံရဲ့ အရန်ငွေကြေးအဖြစ် သိမ်းဆည်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ မတ်လပထမ အစောပိုင်းကတည်းက တန်ဖိုးတွေ မြင့်တက်လာနေတယ်လို့ သိရတာပါ။

Trump က SolanaXRP နဲ့ Cardano လို နေရာယူလာတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအသစ်တွေကိုပါ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဒစ်ဂျစ်တယ်ငွေကြေးလောကကို အစိုးရက လက်ခံလာတဲ့ သဘောပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ခရစ်ပ်တိုနဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ တန်ဖိုးမြင့်တက်လာနေတယ် ဆိုပါတယ်။

Bitcoin တစ်မျိုးတည်းကနေ အခြားဒစ်ဂျစ်တယ်ငွေကြေးတွေကိုပါ အစိုးရရဲ့ အရန် ငွေကြေး စနစ်ထဲ ထည့်သွင်းလာတာဟာ Trump ရဲ့ မူဝါဒပြောင်းလဲမှုကို ပြသနေတာပါ။

"Biden အစိုးရရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ဒီလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့" လို့လဲ Trump က သူ့လူမှုကွန်ရက်မှာ ပြောထားပါတယ်။

အမေရိကန်ဟာ Crypto မှာ နံပါတ်တစ်ဖြစ်စေရမယ်လို့ ကြွေးကြော်ဖူးသူ ထရမ့်နဲ့ ထရမ့်ဦးဆောင်တဲ့ အစိုးရဟာ ခရစ်ပ်တိုငွေကြေးတွေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို ဦးစားပေးထောက်ခံသူတွေ ဖြစ်ကြတာနဲ့အညီ သမ္မတဖြစ်လာတာနဲ့ တပြိုင်နက် မူဝါဒပိုင်း အပြောင်းအလဲတွေ ဆောင်ရွက်လာတာလဲ ဖြစ်ပါတယ်။ ခရစ်ပ်တို လုပ်ကိုင်သူတွေကတော့ ဒီမူပြောင်းလဲမှုတွေဟာ သူတို့အတွက် ရွှေခေတ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အပြိုင်အဆိုင်လုပ်လာကြတာပါ။

လာမယ့် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ အိမ်ဖြူတော်က ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ Trump က အဲဒီဆွေးနွေးပွဲမှာ "အမေရိကန်ကို ကမ္ဘာ့ဒစ်ဂျစ်တယ်ငွေကြေး မြို့တော်အဖြစ် တည်ဆောက်သွားမယ်" ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားဖွယ် ရှိပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲဟာ ဒစ်ဂျစ်တယ်ငွေကြေးကို ငွေကြေးစနစ်ထဲ ပေါင်းစပ်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လဲ ဖြစ်လာနိုင်တာပါ။

Reference: https://www.perplexity.ai/page/trump-announces-us-crypto-rese-NrC8TcmcSpaxMr2UPw2lcg

ဆက်လက်ဖတ်ရှုရန်

Bitcoin တန်ဖိုး ဒေါ်လာတစ်သိန်းကျော်သွားပြီ
Bitcoin has crossed $100,000 for the first time, scaling a fresh record high amid a euphoric rally sparked by Donald Trump’s election victory.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!