အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတို့ကို စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံမဲ့ကိစ္စ ရက် ၃၀ ကြာ ယာယီရပ်ဆိုင်းပေးလိုက်တယ်လို့ ဒီနေ့ပဲ ကြေညာပါတယ်။

အမေရိကန်ထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုမူးယစ်ဆေးဝါးတင်သွင်းမှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးက ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ သဘောတူညီလိုက်ပြီးနောက်ပိုင်း အခုလို ဆုံးဖြတ်လိုက်တာလို့လဲ သိရတာပါ။

"မက္ကစီကိုဘက်ခြမ်းက မြောက်ဘက်နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်သောင်းကျော်ကို ချက်ချင်း တာဝန်ချထားပေးမှာ ဖြစ်ပါတယ်။ အဓိကက Fentanyl မူးယစ်ဆေးတွေ အမေရိကန်ဘက် မရောက်အောင် တားဆီးသွားဖို့ပါ" လို့ မက္ကစီကိုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ Claudia Sheinbaum က ပြောပါတယ်။

တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကို နှိပ်ပါ။

ကနေဒါဝန်ကြီးချုပ် Justin Trudeau ကလဲ ယူအက်စ်-ကနေဒါ နယ်စပ်လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ သုံးစွဲပြီး ပူးတွဲစစ်ဆင်ရေးတွေ၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှု တိုက်ဖျက်ရေး ထောက်လှမ်းရေးဌာနတွေကိုပါ ဖွဲ့စည်းသွားမယ်လို့ ကတိပြုထားတာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံက ပို့ကုန်တွေအပေါ် လက်ရှိစည်းကြပ်ခွန်ထဲ ၁၀ ရာခိုင်နှုန်း တိုးမဲ့အမိန့်ကိုတော့ ရပ်ဆိုင်းတာမျိုး မရှိသေးဘဲ မကြာခင် စတင်အသက်ဝင်တော့မှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

Reference: Garcia, D. A., Hunnicutt, T., & Ljunggren, D. (2025, February 4). Trump pauses tariffs on Mexico and Canada, but not China. Reuters. https://www.reuters.com/world/us/trump-says-americans-may-feel-pain-trade-war-with-mexico-canada-china-2025-02-03/

ဆက်လက်ဖတ်ရှုဖို့

အီလွန်မက်စ်ခ် ဦးဆောင်တဲ့ စိစစ်ရေးဌာန တစ်နေ့ကို ဒေါ်လာ ၁ ဘီလျံ ချွေတာနိုင်ပြီ
The Department of Government Efficiency (DOGE) claims to save the US federal government $1 billion per day through cost-cutting measures.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!