အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် တက်တက်ချင်းမှာတင် အင်တာနက်ပေါ်က အဆင့်မြင့်ဆုံးနဲ့ ရာဇဝတ်မှု ပေါက်ဖွားမှုအများဆုံး Silk Road မြေအောက်ဝဘ်ဆိုက်ရဲ့ တည်ထောင်သူ ရော့စ်အူးဘရစ်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ကြေညာပါတယ်။
ထရမ့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အူးဘရစ်ဟာ FBI ရဲ့ ထိပ်တန်းအလိုရှိ စာရင်းထဲ ပါဝင်ခဲ့ပြီး ၂၀၂၅ မှာ စီမံကိန်းနဲ့တကွ ခြေရာခံဖမ်းဆီးရမိရင်း တစ်သက်တစ်ကျွန်း ချမှတ်ထားခံရသူပါ။
သူက ၂၀၁၁ ခုနှစ်မှာ သာမန် အင်တာနက်ရှာဖွေရေးအင်ဂျင်တွေကနေ မတွေ့နိုင်တဲ့ Dark Web ထဲ Silk Road အမည်ရ ဝဘ်ဆိုက်ကို တည်ထောင်ခဲ့ပါတယ်။ Silk Road ဝဘ်ဆိုက်ဟာ ငွေသားနဲ့ ခရက်ဒစ်ကဒ်တွေကို လက်မခံဘဲ ဘစ်ကွိုင်နဲ့ ခရစ်ပ်တိုငွေကြေးတွေကိုသာ အသုံးပြုလို့ ငွေပေးချေမှုတွေကို ခြေရာခံလို့ မရနိုင်ပါဘူး။ ဒါ့အပြင် လုံခြုံရေးလဲ အင်မတန် အဆင့်မြင့်တယ် ဆိုပါတယ်။
တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
အဲဒီဝဘ်ဆိုက်မှာ မူးယစ်ဆေး၊ လက်နက်၊ အဆိပ်အတောက်တွေနဲ့ ကွန်ပြူတာနဲ့ ဆိုက်ဘာတိုက်ခိုက်ရေး ဝန်ဆောင်မှုတွေကို ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး သေဆုံးမှု အနည်းဆုံး ၆ ခုဟာ Silk Road က ဝယ်ခဲ့တဲ့ မူးယစ်ဆေးတွေကြောင့် ဖြစ်တယ်လို့ တရားလိုရှေ့နေတွေက ပြောပါတယ်။ ဒါ့အပြင် အူးဘရစ်ဟာလဲ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးအရောင်းအဝယ်ကနေ ဒေါ်လာ ၁၈ သန်း အကျိုးအမြတ်ရခဲ့တယ်လို့ ဖော်ထုတ်နိုင်ခဲ့တာပါ။
အူးဘရစ်အပြင်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့သူ လူဖြူအမျိုးသားရေးအစွန်းရောက်တွေနဲ့ စီးနင်းမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁,၅၀၀ ဝန်းကျင်ကိုလဲ သမ္မတဖြစ်ဖြစ်ချင်းမှာတင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးအပ်လိုက်ပါတယ်။
Reference: Trump pardons Silk Road founder Ross Ulbricht. (2025, January 22). CBS News. https://www.cbsnews.com/news/trump-pardons-silk-road-founder-ross-ulbricht/
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia