အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ပိုင်အဖြစ် သိမ်းယူပြီး အရှေ့အလယ်ပိုင်းရဲ့ ရီဗီရာယာ (အပန်းဖြေနယ်မြေ) အဖြစ် ပြောင်းလဲသွားမယ်လို့ အဆိုပြုပြောကြားလိုက်ပါတယ်။ သူ့ရဲ့ အကြံထဲမှာ ဂါဇာဒေသခံ ပါလက်စတိုင်းပြည်သူ ၂ သန်းနီးပါးကို နေရာရွှေ့ပြောင်းပေးဖို့လဲ ပါဝင်တာပါ။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ


"ဂါဇာကို အမေရိကန်က တာဝန်ယူပြီး ကမ္ဘာ့အဆင့်မီအောင် ပြန်တည်ဆောက်ပေးသွားပါမယ်။ ပါလက်စတိုင်းပြည်သူတွေအတွက် အင်မတန် ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာမှာပါ" လို့ ထရမ့်က ပြောပါတယ်။

ဒီအဆိုပြုချက်နဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းရာမှာတော့ ဂါဇာပြည်သူတွေကို ယာယီပြောင်းရွှေ့မယ်၊ ပြန်လည်ထူထောင်ရေးပြီးရင်တော့ ပြန်လာနိုင်မယ်လို့ ပြောထားပေမဲ့ ထရမ့်ကတော့ ပါလက်စတိုင်းတွေကိုပဲ အပြီးတိုင်နေရာကရွှေ့ပြောင်း ရည်ရွယ်ထားတာလို့ လေ့လာသူတွေက ဆိုတာပါ။

တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ။

ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အာရပ်ခေါင်းဆောင်တွေကလဲ ဒီအကြံအစည်ဟာ လူမျိုးစုတစ်ရပ်အပေါ် ကျူးလွန်တဲ့ ဖိနှိပ်အနိုင်ကျင့်မှုနဲ့ တူနေတယ်လို့ ဝေဖန်ပြီး နိုင်ငံတကာဥပဒေအရလည်း သိမ်းပိုက်ခံနယ်မြေက ပြည်သူတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းတာဟာ တားမြစ်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

အီဂျစ်၊ ဂျော်ဒန်နဲ့ အခြားမဟာမိတ်နိုင်ငံတွေကတော့ ပါလက်စတိုင်းပြည်သူတွေကို နေရာရွှေ့ပြောင်းတာဟာ အရှေ့အလယ်ပိုင်းရဲ့ တည်ငြိမ်မှုကို ထိခိုက်စေပြီး ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ သတိပေးထားတာပါ။ ဆော်ဒီအာရေးဗီးယားကလဲ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ထောက်ခံတဲ့ သူတို့ရဲ့ သဘောထားက ခိုင်မာပြီး မပြောင်းလဲနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ဂါဇာဟာ အပျက်အစီးပုံကြီးဖြစ်နေပြီမို့ ပါလက်စတိုင်းတွေမှာ နေရာရွှေ့ပြောင်းတာအပြင် တခြားရွေးချယ်စရာ မရှိဘူးလို့ အခိုင်အမာ ပြောဆိုနေပါတယ်။

Reference: Yeung, T. (2025, February 6). Trump says Israel will hand over Gaza to US after fighting ends. https://www.bbc.com/news/articles/c4g9xgj2429o

ဆက်လက်ဖတ်ရှုဖို့

ထရမ့်ရဲ့ ကနေဒါကို US ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပြောဆိုမှု မရယ်ရတော့လို့ ကနေဒါခေါင်းဆောင်တွေပြော
Canada’s finance minister, Dominic LeBlanc, has dismissed Trump’s comments that Canada should become the 51st state as a joke and a means to undermine America’s closest ally.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!