အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာက သဘောတူထားတဲ့ အနိမ့်ဆုံးကုမ္ပဏီအခွန်စနစ်ကနေ အမေရိကန်ကို ထွက်ခွာခိုင်းလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ ဥရောပသမဂ္ဂက ကုမ္ပဏီကြီးတွေဆီက အခွန်ကောက်ခံတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။

ဒီအခွန်ကိစ္စကို ထရမ့်က အမေရိကန်အလုပ်သမားတွေနဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဝေဖန်ပြီး သူ့ရဲ့ ပြောဆိုချက်ထဲမှာ ဒီသဘောတူညီချက်က အမေရိကန်ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို အကျိုးပြုတဲ့ အခွန်မူဝါဒတွေ လုပ်လို့မရအောင် ပိတ်ပင်ထားတယ်လို့ ထောက်ပြထားပါတယ်။

စီးပွားရေးအရ အင်အားအကြီးဆုံးနိုင်ငံထဲ ပါဝင်တဲ့ အမေရိကန် ဒီသဘောတူညီချက်ကနေ ထွက်ခွာသွားတာအပေါ်တော့ နိုင်ငံတကာက စိုးရိမ်မှု မြင့်တက်နေတာပါ။ ကုမ္ပဏီကြီးတွေရဲ့ အခွန်ငွေရှောင်တိမ်းမှုကို တားဆီးဖို့ နိုင်ငံပေါင်း ၁၄၀ ကျော်က အားထုတ်ပြီး ညှိနှိုင်းထားရတဲ့ ဒီသဘောတူညီချက်ကို ကြီးကြီးမားမား သက်ရောက်နိုင်ပြီး ကမ္ဘာ့အခွန်ဝင်ငွေမှာလဲ ဒေါ်လာ ၃၂ ဘီလျံလောက် လျော့သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ထိခိုက်မှုပိုများနိုင်တယ်လို့လဲ ပြောနေတာပါ။

ဥရောပသမဂ္ဂကတော့ စီးပွားရေးအရ ဖိအားပေးမှုတွေကို ကာကွယ်ဖို့ ဒီဇင်ဘာ ၂၇၊ ၂၀၂၃ ကတည်းက ACI လို့ခေါ်တဲ့ ကာကွယ်ရေးစနစ်တစ်ခု လုပ်ထားပါတယ်။ အခုအခွန်ကိစ္စနဲ့ ပတ်သက်ပြီးလဲ OECD အဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ပြီး သေချာစဉ်းစားတုံ့ပြန်သွားမယ်လို့ ပြောထားတာပါ။

Reference: Trump escalates EU-US tax wars. (2025, January 29). PIIE. https://www.piie.com/blogs/realtime-economics/2025/trump-escalates-eu-us-tax-wars

ဆက်လက်ဖတ်ရှုဖို့

Ackman ရဲ့ ၂.၃ ဘီလျံတန် Uber ရင်းနှီးမြှုပ်နှံမှု
Pershing Square Capital Management’s Bill Ackman owns 30.3 million shares of Uber Technologies, valuing the company’s management strength and undervaluing its stock, worth about $2 billion.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!