သမ္မတဟောင်း ဒေါ်နယ်ထရမ့်တစ်ယောက် ပြီးခဲ့တဲ့လက ပင်ဆယ်လ်ဗေးနီးယားမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခံရပြီးကတည်းက မဲဆွယ်ပွဲတွေကို ခေတ္တနားထားတာပါ။ အခုတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ အရှီဘိုရိုမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ မဲဆွယ်ပွဲတစ်ခု ပြန်ကျင်းပပါတယ်။ ဒါပေမဲ့ ထရမ့် အရင်လိုတော့ ပေါ်ပေါ်ထင်ထင်မနေရဲတော့လို့ တစ်ကိုယ်လုံးကို ကာဗာဖြစ်တဲ့ ကျည်ကာမှန်တွေနဲ့ ဝန်းရံထားတဲ့ မှန်လုံအိမ်ထဲကနေ သူ့ရဲ့ ရီပက်ဘလစ်ကန် အတွေးအခေါ်တွေကို ပြောနေ/ဟောနေတာပါ။ မဲဆွယ်ပွဲကျင်းပရာ နေရာ ပတ်ပတ်လည် ခေါင်မိုးတွေပေါ်မှာလဲ စနိုက်ပါသမားတွေ အပြည့် လုံခြုံရေး ချထားပါတယ်။

ထရမ့်က သူလုပ်နေကျ မဲဆွယ်ပွဲတွေရဲ့ ထုံးစံအတိုင်း အတိုက်အခံတွေကို ပြစ်တင်ရှုတ်ချ ဝေဖန်ပြောဆိုနေတာပါ။ ဒီတစ်ခေါက်တော့ ပြောစရာ ရသွားတာက ပြီးခဲ့တဲ့ အခေါက်က သူ့ကို ကျည်ဆန်မှန်လုနီးနီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘိုင်ဒန်နဲ့ ဟဲရစ်တို့ရဲ့ အစိုးရက ပြည်ထောင်စုလုံခြုံရေးအပေါ်မှာ ဘယ်လောက်တောင် လျော့ရဲနေလဲဆိုပြီး ဝေဖန်သွားပါတယ်။ အဲဒီထဲမှာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာသွားလိုက်ရတာ အပြင် တခြား ပြည်ပ ပဋိပက္ခတွေထဲ အမေရိကန်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိနေလဲအပေါ် ဦးတည်သွားတာပါ။

"ရဲဘော် ကမ္မလာသာ နိုဝင်ဘာမှာ နိုင်သွားရင် တတိယကမ္ဘာစစ်ဖြစ်ဖို့က သေချာသလောက်ပဲ" လို့ ထရမ့်က ရွှတ်နောက်နောက် ပြောသွားပါတယ်။

နောက်ပြီး ထရမ့်က ကမ္မလာဟဲရစ်ဟာ ရုရှား-ယူကရိမ်း စစ်မဖြစ်ခင် တစ်ရက်အလိုမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ သွားရောက်တွေ့ဆုံခဲ့သေးတယ်လို့လဲ အထောက်အထားမဲ့ စွပ်စွဲခဲ့တာပါ။ သူသာ သမ္မတဖြစ်ခဲ့ရင် အာဖဂန်ကနေ တပ်တွေ ဆုတ်ဖို့ အမိန့်ပေးခဲ့တဲ့ စစ်ဘက်အရာရှိတွေ အကုန်လုံးကို ရာထူးက ရပ်ဆိုင်းပစ်ဖို့ ရှိသလို အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအတွက်လဲ တိုးချဲ့မြှင့်တင်မှုတွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်သွားမယ်လို့ ဆိုထားတာပါ။

ထရမ့်က သူ့အနေနဲ့ သူ့ရဲ့ ပြိုင်ဘက်ကို ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုတာမျိုး လုပ်နေတာ မဟုတ်ကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ မူဝါဒရေးရာကိုပဲ အကြံပေးထောက်ပြနေတာ ဖြစ်ကြောင်း အချိုသပ်သွားပါသေးတယ်။

Reference: ABC News. (n.d.). Trump speaks from behind bulletproof glass at 1st outdoor rally since Butler shooting. https://abcnews.go.com/Politics/trump-speaks-bulletproof-glass-1st-outdoor-rally-butler/story?id=113030425

ထရမ့်နဲ့ ပတ်သက်လို့ Build Myanmar ဘက်က ဒီသတင်းတွေ ဆက်ဖတ်ဖို့ ညွှန်းပေးချင်ပါတယ်။

သမ္မတဆက်ဖြစ်ရင် အီလွန်မက်စ်ခ်ကို အစိုးရအဖွဲ့ထဲ ခေါ်မယ်လို့ ထရမ့်ပြော
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ လာမဲ့ရွေးကောက်ပွဲမှာ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် တက်စ်လာနဲ့ SpaceX ရဲ့ စီအီးအို အီလွန်မက်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!