
သမ္မတထရမ့်ရဲ့ ဒုတိယသက်တမ်း ရက် ၁၀၀ နားကို ချဉ်းကပ်လာချိန်မှာ သူ့ကို ထောက်ခံတဲ့နှုန်းဟာ ၄၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့သတင်းဌာနတွေရဲ့ ကိုးကားဖော်ပြချက်အရ သိရပါတယ်။ စစ်တမ်းတွေအရ အမေရိကန်ပြည်သူအများစုနဲ့ ရီပက်ဘလစ်ကန်တွေကြားမှာပါ ထရမ့်ကို ထောက်ခံတဲ့နှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာပြီး ရီပက်ဘလစ်ကန်တစ်ဝက်လောက်ကပဲ ထရမ့်ရဲ့ လုပ်ရပ်တွေက မှန်ကန်တယ်လို့ ယုံကြည်ကြကြောင်း သိရတာပါ။
အမေရိကန်ပြည်သူ ၆၄ ရာခိုင်နှုန်းနီးပါးက ထရမ့်ရဲ့ အခွန်တိုးမြှင့်တဲ့ မူဝါဒကို သဘောမတူကြပါဘူး။ ပြည်သူ ၇၀% ကတော့ အခွန်ကြောင့် ငွေကြေးဖောင်းပွမှု တိုးလာမှာကို စိုးရိမ်ပြီး ဒီထဲမှာ ရီပက်ဘလစ်ကန် ၄၇ ရာခိုင်နှုန်းလဲ ပါဝင်ပါတယ်။ ရီပက်ဘလစ်ကန်တွေက အခွန်တိုးမြှင့်မှုတွေကို အများစု ထောက်ခံကြပေမဲ့ ဒီမိုကရက်အားလုံးနီးပါးက ဆန့်ကျင်ကြတာပါ။ ဒီဆန့်ကျင်မှုမှာ နိုင်ငံရေးရပ်တည်ချက်နဲ့ လူမျိုးရေးအရ ကွာခြားမှုတွေလဲ ရှိနေပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။
လူဝင်မှုကြီးကြပ်ရေးမှာလဲ ထရမ့်ရဲ့ တင်းကြပ်တဲ့မူဝါဒတွေဟာ ပြည်သူ့ထောက်ခံမှုကို ဆုံးရှုံးစေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို သဘောထားကောက်ခံချိန်မှာ ကြိုက်နှစ်သက်သူဦးရေဟာ ၂ ပတ်အတွင်းမှာတင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး အမေရိကန်ပြည်သူ ထက်ဝက်လောက်က သဘောမကျကြပါဘူး။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေဟာလဲ ကျဆင်းချိန်ကို ရောက်နေပြီး ပြည်သူ ၅၃ ရာခိုင်နှုန်းက သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေ တဖြည်းဖြည်းဆိုးရွားလာနေတယ်လို့ ယုံကြည်ကြပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စောင့်ကြည့်လေ့လာမှုတွေအရတော့ ဒီအခြေအနေဟာ ပထမဆုံးဖြစ်တယ်လို့ သိရတာပါ။ ကုန်ပစ္စည်းတွေပေါ် စားသုံးသူတွေရဲ့ ယုံကြည်မှုကလဲ လေးလဝန်းကျင်ထဲ ဆက်တိုက်ကျဆင်းနေပြီး စတော့ဈေးကွက် ပြန်မြင့်တက်မယ်လို့ ယုံကြည်သူက ၂၉ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ထရမ့်ကို စီးပွားရေးအရ ထောက်ခံသူတွေဟာလဲ ၃၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားပြီး ဒါဟာ သူ့အတွက် စံချိန်တင်နိမ့်ဆင်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။
Trump’s approval ratings drop as Republicans question priorities. (n.d.). Perplexity AI. https://www.perplexity.ai/discover/top/trump-s-approval-ratings-drop-ysTkGEWUS4ugmz9faSaS_Q
ဆက်လက်ဖတ်ရှုရန်


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia