အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့အတူ နိုင်ငံတကာဆီ ပေးအပ်နေတဲ့ ထောက်ပံ့ကူညီမှုအားလုံးကို ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာပဲ ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့ ပူးပေါင်းပြီး ကမ္ဘာတဝှမ်းထောက်ပံ့နေတဲ့ ရန်ပုံငွေအစီအစဉ်တွေ အားလုံးနီးပါး ရပ်ဆိုင်းတဲ့ထဲ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားတာပါ။ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ အဲဒီ ရန်ပုံငွေအစီအစဉ်တွေရဲ့ သက်ရောက်မှု၊ အကျိုးရှိမှုကို ပြန်ဆန်းစစ်ဖို့၊ နိုင်ငံခြားရေးဌာနရဲ့ ပြည်ပရေးရာမူဝါဒနဲ့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဖို့ အခုလို ရပ်ဆိုင်းလိုက်တာလို့လဲ သိရပါတယ်။

ရပ်ဆိုင်းလိုက်တဲ့ထဲမှာ ပညာရေးအထောက်အပံ့တွေ၊ နိုင်ငံရေးပဋိပက္ခဆိုင်ရာထောက်ပံ့မှုတွေနဲ့ ဒုက္ခသည်ဆိုင်ရာအကူအညီတွေလဲ ပါဝင်တာပါ။ ဒါပေမဲ့ ရပ်ဆိုင်းတဲ့ထဲ အစ္စရေးနဲ့ အီဂျစ်နိုင်ငံကို ပေးအပ်နေတဲ့ စစ်ဘေးရှောင် ရိက္ခာထောက်ပံ့ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ စစ်ဘက်ရေးရာ ကူညီမှုတွေ မပါဝင်ပါဘူး။ ရုရှား-ယူကရိန်းစစ်နဲ့ ထိုင်ဝမ်နိုင်ငံဆီ ပေးအပ်နေတဲ့ အကူအညီတွေ ရပ်ဆိုင်းထားခြင်း ရှိ/မရှိကိုတော့ လတ်တလော မသိရသေးပါဘူး။

Reference: Osborne, S. (2025, January 25). Nearly all US aid programmes worldwide frozen after Trump order. Sky News. https://news.sky.com/story/nearly-all-us-aid-programmes-worldwide-frozen-after-trump-order-13295902

ဆက်လက်ဖတ်ရှုဖို့

ထရမ့်ရဲ့ ခရစ်ပတို ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံ ၁၀ ကျော်ပြီ
U.S. President Donald Trump’s “memecoin” has soared to over $10 billion in market value, raising regulatory and ethical concerns.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!