CBC နဲ့ ABC သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကနေဒါအစိုးရဟာ TikTok ကို နိုင်ငံတော်လုံခြုံရေး စိုးရိမ်ရမှုတွေ ရှိလို့ ပြည်တွင်းလည်ပတ်မှုတွေ အကုန်ရပ်တန့်ပြီး နိုင်ငံတွင်းက ထွက်ခွာဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါပေမဲ့ အသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်တာမျိုးတော့ မရှိသေးပါဘူး။

ကနေဒါအခြေစိုက် TikTok ရုံးတွေကို ပိတ်လိုက်တာက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေကို ကြီးကြီးမားမားထိခိုက်စေတယ်လို့ သိရပါတယ်။ တိုရန်တိုနဲ့ ဗန်ကူးဗားမှာရှိတဲ့ TikTok ရုံးတွေကို ပိတ်ပစ်ရမှာ ဖြစ်ပြီး ကနေဒါအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုတော့ TikTok က ဝေဖန်ရှုတ်ချနေတာပါ။

TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူက
"ကနေဒါရုံးတွေကို ပိတ်ချလိုက်တာဟာ ပြည်တွင်းထဲက ရာနဲ့ချီတဲ့ လစာမြင့် အလုပ်တွေကို ဖျက်ဆီးရာကျလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး" လို့ ပြောပါတယ်။

ကနေဒါအစိုးရရဲ့ ဆုံးဖြတ်ချက်ကို TikTok က လက်မခံဘဲ တရားရုံးမှာ ဥပဒေနည်းကျ အယူခံဝင်ရင်ဆိုင်မယ်လို့ ပြောပါတယ်။ ကနေဒါရဲ့ လုံခြုံရေးကောင်စီကလဲ တရုတ်အစိုးရဟာ TikTok ကို ထိန်းချုပ်ထားပြီး ပြည်ပနိုင်ငံတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ သတိပေးထားတာပါ။ ဒါ့အပြင် အသုံးပြုသူတွေရဲ့ ဒေတာအချက်အလက်တွေကိုလဲ အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်နဲ့ သုံးနေတယ်လို့ ယူဆကြပါတယ်။

Reference: TikTok Canada offices ordered closed over “national security risks,” but app still permitted. (2024, November 7). Nationalpost. https://nationalpost.com/news/canada/tiktok-canada-ordered-to-shut-down

Runway ကနေ ကာရိုက်တာအန်နမေးရှင်းတွေ ထုတ်လုပ်ပေးနိုင်တဲ့ အေအိုင်ကို မိတ်ဆက်
Runway’s Act-One, a groundbreaking AI tool for character animation, is revolutionizing the film and animation industry by enabling creators to produce expressive character performances.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!