မီဒီယာဆန်းစစ်ချက်တွေအရ အမေရိကန်ပြည်ထောင်စုမှာသာ TikTok ပိတ်ပင်ခံလိုက်ရရင် Meta ပလက်ဖောင်းတွေအနေနဲ့ အကျိုးအမြတ်ပိုင်းအရ အများကြီး ထောင်တက်သွားနိုင်တယ် ဆိုပါတယ်။ U.S မှာ TikTok ရနေတဲ့ အမြတ်တွေထဲက ၂၇.၅ ရာခိုင်နှုန်းကို Meta က ရသွားနိုင်ပြီး အဲဒီပမာဏက ဒေါ်လာ ၂ ဘီလျံကျော်တာပါ။

Meta ရဲ့ ပလက်ဖောင်းတွေက RPM ခေါ် တစ်မိနစ်စာကြည့်ရှုမှုအတွက် ငွေရရှိနှုန်းမှာ TikTok ထက် ပိုများလို့ Content Creator တွေက Meta ပေါ် ပြောင်းလာနိုင်တယ်လို့ ယူဆကြတာပါ။

တကယ်လို့သာ TikTok ဘမ်းခံခဲ့ရရင် စစဆုံး အသုံးပြုသူများလာမှာက Instagram ဖြစ်ပါတယ်။ Instagram ရဲ့ Reels ခေါ် ဗီဒီယိုအတိုတွေ ကြည့်ရှုနိုင်တဲ့ feature က TikTok နဲ့ အပြိုင်အဆိုင်ဖြစ်နေတာပါ။ ဒါကြောင့် Meta သာ TikTok က အသုံးပြုသူတွေကို Instagram ဆီ ဆွဲခေါ်နိုင်ခဲ့ရင် သူတို့ပြန်လည်ရရှိမဲ့ အကျိုးအမြတ်က ဒေါ်လာ ၂ ဘီလျံဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ရေပန်းစားလာတဲ့ YouTube Shorts နဲ့ Snapchat ရဲ့ Spotlight တို့ကလဲ TikTok က အသုံးပြုသူတွေကို ဆွဲဆောင်နေလို့ Meta အနေနဲ့ 'မောင်ပိုင်စီး' ဖို့ ခဲယဉ်းတဲ့ အနေအထားပါ။

ShweNote နဲ့အတူ ဆုကြီးတွေယူ

အချိန်မရလို့ စာမဖတ်ဖြစ်တာလား၊ စာအုပ်တွေက များလွန်းနေလို့ ဘာဖတ်ရမှန်း မသိတာလား။ ကားပေါ်မှာ… ကော်ဖီဆိုင်မှာ... အိမ်မှာ... နာမည်ကြီး စာအုပ်တွေကို အချိန်တိုတိုနဲ့ ဖတ်ခွင့်ရမယ်၊ စာနဲ့ရော အသံနဲ့ပါဆိုရင် စိတ်ဝင်စားလား။

နာမည်ကြီး စာအုပ်တွေရဲ့ အနှစ်ချုပ်တွေ၊ Audio Book တွေကို လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ လုပ်စရာရှိတာ လုပ်ရင်းဖြစ်ဖြစ် အဆင်သင့် နားထောင်နိုင်ဖို့ ShweNote ရှိပါတယ်။ စာဖတ်ချင်ရင် Book Summary၊ အသံ နားထောင်ချင်ရင် Audio Book
အချိန်၊ နေရာမရွေး လက်လှမ်းမီနိုင်တဲ့ Digital Library. . .။

၂၀၂၅ ခုနှစ်မှာ သင့်ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲတွေ ရှိလာဖို့ ဒီနေ့က စလို့ တစ်နေ့ကို စာတစ်ပုဒ် ShweNote နဲ့ တူတူ ဖတ်ပါ။ ဒီဇင်ဘာလထဲ Subscription ဝယ်ဖြစ်ရင်လဲ သိန်း ၂၀၀ တန်ဖိုးရှိ ဆုကြီးတွေကို ကံစမ်းနိုင်အုံးမယ်။

တစ်နေရာတည်းမှာ အကုန်ရနိုင်တဲ့ ရွှေနုတ် . . . အသိပညာကုန်ကြမ်းတို့ရဲ့ ရေသောက်မြစ်

ဝယ်ယူနိုင်ဖို့ ဒီလင့်ခ်ကို နှိပ်ပါ။

ဒါ့အပြင် Instagram Reels ကလဲ ကြည့်ရှုမှုနှုန်းတွေနဲ့ စိတ်ဝင်စားမှုတွေ လျော့ကျနေပြီး TikTok ရဲ့ ဗီဒီယိုပြနိုင်မှု algorithm ကို မမီဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ Instagram User အားလုံးက ပလက်ဖောင်းအသုံးပြုချိန်ရဲ့ ထက်ဝက်ကို Reels ပေါ်မှာပဲ ကုန်ဆုံးလေ့ ရှိပြီး နေ့စဉ် ကြည့်ရှုသူ ၁၇ သန်းကျော်တယ်လို့ သိရတာပါ။ U.S ကနေ ရတဲ့ Meta ကုမ္ပဏီရဲ့ အကျိုးအမြတ် ထက်ဝက်ခန့်က Instagram က ဝင်တာဖြစ်ပြီး ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာတင် Meta ရဲ့ စုပေါင်းအမြတ်က ဒေါ်လာ ၁၃၅ ဘီလျံကနေ ၁၈၀ ဘီလျံထိ ခုန်တက်သွားနိုင်ပါတယ်။

ဒါ့အပြင် Meta ကုမ္ပဏီက အယ်လ်ဂိုရစ်သမ်နည်းပညာကိုလဲ ဉာဏ်ရည်တုနဲ့ ပေါင်းစပ်ပြီး တိုးချဲ့ပြင်ဆင်နေသလို Llama Language Model လိုမျိုး အဆင့်မြင့်နည်းပညာတွေကိုလဲ ဖြည်းဖြည်းချင်း မိတ်ဆက်နေတာပါ။ လက်ရှိအချိန်ထိတော့ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ တစ်ဝက်ခန့်က Meta ရဲ့ ပလက်ဖောင်းတွေကို အသုံးပြုနေကြပါတယ်။

Reference: https://www.perplexity.ai/page/tiktok-ban-meta-s-opportunity-QM0IaUfJTbGMDuHtXcv14g

ဆက်လက်ဖတ်ရှုဖို့

TikTok ကို ”ရောင်းရင်ရောင်း၊ မရောင်းရင် ဘမ်းမယ်”ဆိုတဲ့ US
A federal appeals court upheld a law requiring China-based ByteDance to sell the popular social media app TikTok or face an effective ban in the United States.
Meta ? Movie Gen ????? Ai Video Generator ??? ???????
A new AI-powered video generator from Meta produces high-definition footage complete with sound, the company announced today.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!