Meta ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ပြောတာအရ တွစ်တာနဲ့ အပြိုင်ရှိနေတဲ့ Threads ဆိုရှယ်မီဒီယာဟာ လစဉ်ပုံမှန်အသုံးပြုသူ ၂၇၅ သန်းဝန်းကျင်ရှိလာပြီး နေ့စဉ်အကောင့်ဖွင့်သူ တစ်သန်းကျော် ရှိနေတယ် ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်ကမှ စတင်ထွက်ရှိတဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့တော့ ရလဒ်ကောင်းတယ် ပြောရမှာပါ။

Threads ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ စတင်ထွက်ရှိပြီးချင်းမှာတင် လစဉ်ပုံမှန်အသုံးပြုသူ သန်း ၁၀၀ ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဩဂုတ်မှာပဲ သန်း ၂၀၀ ရောက်ခဲ့ပြီး သုံးလထဲမှာတင် နောက်ထပ် ၇၅ သန်းကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခုလို တိုးတက်နှုန်း မြင့်ရတာကလဲ Threads ကို Instagram နဲ့ ချိတ်ဆက်ထားတာကြောင့် ဖြစ်နိုင်ပြီး Threads အသုံးပြုသူ ၉၆ ရာခိုင်နှုန်းလောက်က Instagram မှာပါ ရှိကြတယ် ဆိုပါတယ်။

Threads အခုလို ရုတ်တရက်ထောင်တက်လာရတာက အီလွန်မက်စ်ခ်တို့ရဲ့ X (ယခင်တွစ်တာ) အပေါ်တော့ ဖိအားဖြစ်စေပါတယ်။ ပလက်ဖောင်းနှစ်မျိုးစလုံးက Microblogging လို့ ခေါ်တဲ့ စာတိုတွေနဲ့ ရုပ်သံတွေကို အခြေခံပြီး အလုပ်လုပ်ကြတာပါ။ လောလောဆယ်တော့ Threads ဟာ X ရဲ့ အမေရိကန်နိုင်ငံက လစဉ်အသုံးပြုမှုနှုန်းကို ကျော်လွန်နေပါပြီ။

Reference: Hays, K. (2024, April 25). Threads just dethroned X, according to this key metric. Business Insider. https://www.businessinsider.com/meta-threads-more-daily-us-users-twitter-elon-musk-x-2024-4

ဆက်လက်ဖတ်ရှုဖို့

ဘရာဇီးမှာ X (ယခင်တွစ်တာ) အသုံးပြုမှုကို တရားဝင်တားမြစ်လိုက်
သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ ဘရာဇီးနိုင်ငံရဲ့ တရားရုံးချုပ်ကနေ အီလွန်မက်ခ်စ်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X (ယခင်တွစ်တာ) ကို ဘရားဇီးနိုင်ငံ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!