Decart အမည်ရ အစ္စရေးအေအိုင်ကုမ္ပဏီတစ်ခုဟာ အိုအေစစ် (Oasis) လို့ ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး အေအိုင်ဗီဒီယိုဂိမ်းကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဗီဒီယိုဂိမ်းကို အေအိုင်ကပဲ အစအဆုံး ၁၀၀ ရာခိုင်နှုန်း ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး လူကြိုက်များတဲ့ Minecraft ဂိမ်းနဲ့ ဆင်တူပါတယ်။ ဂိမ်းကို သာမန်ဂိမ်းအင်ဂျင်တွေအစား large language model သုံးပြီး ဖန်တီးပြုလုပ်ထားကြောင်း သိရတာပါ။
ဂိမ်းကစားသူတွေရဲ့ ဆောင်ရွက်ချက်အပေါ် မူတည်ပြီး မတူကွဲပြားတဲ့ တုံ့ပြန်မှုတွေ ဂိမ်းထဲမှာ ဖြစ်ပေါ်တယ် ဆိုပါတယ်။ ဒါကြောင့် ကစားသူ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အတွေ့အကြုံတွေက မတူနိုင်ပါဘူး။ 3D block တွေနဲ့ တည်ဆောက်ထားတဲ့ အိုအေစစ် ကမ္ဘာထဲကို ကစားသူက ရောက်သွားမှာ ဖြစ်ပြီး အဲဒီမှာ ပစ္စည်းတွေ ရှာဖွေနိုင်မယ်၊ အရင်းအမြစ်တွေ တူးဖော်နိုင်မယ်၊ နောက် လိုတာတွေ ဆောက်လုပ်နိုင်မယ် ဆိုပါတယ်။
နည်းပညာပိုင်းကန့်သတ်ချက်တွေတော့ ရှိနေဆဲဖြစ်ပြီး လက်ရှိဗားရှင်းဆိုရင်လဲ တစ်စက္ကန့်ကို ဖရိန် ၂၀ နဲ့ပဲ လည်ပတ်နိုင်ပါသေးတယ်။ တစ်ခါတလေမှာတော့ ဂိမ်းရဲ့ feature တချို့က အလုပ်မလုပ်နေတာ၊ ကျိုးကြောင်းမဆီလျော်နေတာမျိုး ဖြစ်တတ်ပြီး အေအိုင်ရဲ့ ခန့်မှန်းရခက်တဲ့ Output စနစ်ကြောင့်လို့ အကြမ်းဖျင်းသိရတာပါ။
အိုအေစစ်ဂိမ်းကို အစ္စရေးအေအိုင်ကုမ္ပဏီ Decart က hardware startup တစ်ခုဖြစ်တဲ့ Etched နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ ၂၁ သန်း ရရှိထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ထွက်ရှိခဲ့တာ ဖြစ်ပြီး လောလောဆယ်ထိတော့ အေအိုင်နဲ့ အစအဆုံး ဖန်တီးထုတ်လုပ်ထားတဲ့ ပထမဆုံး ဗီဒီယိုဂိမ်းပါ။
Reference: https://techcrunch.com/2024/10/31/decarts-ai-simulates-a-real-time-playable-version-of-minecraft/
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia