တံခါးနှစ်ပေါက်ပဲ ပါပြီး စတီယာရင်လဲ မပါ၊ ဘရိတ်လဲ မရှိတဲ့ မောင်းသူမဲ့ တက်စ်လာတက္ကစီယာဉ် Cybercab ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က လုပ်တဲ့ We, Robot ပွဲမှာ အီလွန်မက်စ်ခ်တို့ စတင်မိတ်ဆက်သွားပါတယ်။

လော့စ်အိန်ဂျလိစ်က Warner Bros. စတူဒီယိုခန်းမမှာ မိတ်ဆက်သွားတာ ဖြစ်ပြီး ပွဲကိုလဲ ဖိတ်ကြားထားတဲ့သူတွေနဲ့ပဲ သီးသန့်ကျင်းပသွားတာပါ။ အဲဒီ Cybercab အမည်ရ မောင်းသူမဲ့တက္ကစီယာဉ်က Robotaxi အမျိုးအစားဝင် ဖြစ်ပြီး လူနှစ်ယောက်လိုက်ပါ စီးနင်းနိုင်မှာပါ။ တံခါးနှစ်ပေါက်ပါပြီး စတီယာရင်တွေ၊ ဘရိတ်တွေနဲ့ တခြားယာဉ်ထိန်းချုပ်ရေးတွေ သီးသန့်မပါဝင်ဘူးလို့ သိရပါတယ်။

Image via Tesla Live

Cybercab Robotaxi ကို ၂၀၂၇ မတိုင်ခင်မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းဒေါ်လာသုံးသောင်းထက် မကျော်စေရဘူးလို့တော့ အီလွန်က ကတိပေးထားပါတယ်။

"ဘယ်လောက်ပဲ မောင်းသူမဲ့တယ် ပြောပြော၊ ကားမောင်းသူကတော့ စောင့်ကြည့်နေရဆဲပဲ၊ ခု ဒီ Robotaxi ကတော့ ကားမောင်းသူက စောင့်ကြည့်စရာ လုံးဝမလိုဘဲ အိပ်လိုက်ချင်လဲ အိပ်လိုက်လို့ရတဲ့ အဆင့်ကို ကျွန်တော်တို့ ရောက်တော့မှာပါ" လို့ အီလွန်မက်စ်က ဆိုပါတယ်။

ပွဲထဲမှာလဲ Robovan အမည်ရ ခရီးသည်အယောက် ၂၀ ကို တင်ဆောင်ပြီး မြို့ပတ်သွားလာနိုင်တဲ့ အလိုအလျောက်မောင်းနှင်နိုင်စွမ်းရှိ ဗင်ကားတစ်မျိုးကိုလဲ မိတ်ဆက်ခဲ့ပါသေးတယ်။

Image of Robovan via Tesla
တက်စ်လာရဲ့ ဂစ်ဂါလျှပ်စစ်ရထားတွဲ စတင်ပြေးဆွဲပြီ
တက်စ်လာရဲ့ ‘Giga Train - ဂစ်ဂါရထား’ ဂျာမနီနိုင်ငံ ဘာလင်မြို့နဲ့ ဘရန်ဒန်ဘာ့ဂ်ဒေသ တဝိုက်မှာ စတင်ပြေးဆွဲနေပါပြီ။ ဒီရထားက လျှပ်စစ်စွမ်းအင်နဲ့ ဘက်ထရီကို အခြေခံ မေ

ပြိုင်ဘက်စီးပွားရေးသမားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အီလွန်မက်စ်ခ်ဘက်က ဒီ့ထက်ပိုပြီး အသေးစိတ်ကျကျ ပြောတာကို မကြားခဲ့ရလို့ မချိတင်ကဲ ဖြစ်နေကြပြီး ကတိမတည်ဘူးလို့ ပြောနေကြတာပါ။ ၂၀၁၅ ခုနှစ်မှာ မက်စ်ခ်က နောက်သုံးနှစ်ထဲမှာတင် အလိုအလျောက်မောင်းနှင်နိုင်စွမ်း အပြည့်အဝရှိတဲ့ ကားတွေ ထွက်လာတော့မယ်လို့ ပြောခဲ့ပါတယ်။ နောက်၊ ၂၀၁၆ တုန်းကလဲ ၂၀၁၇ မတိုင်ခင်မှာ လူတွေ ဝင်ရောက်စွက်ဖက်စရာမလိုဘဲ နိုင်ငံကူးပြောင်းသွားလာနိုင်တဲ့ တက်စ်လာကားတွေ ရှိလာတော့မယ်လို့ ဆိုခဲ့ပြန်တာပါ။ နောက်၊ ၂၀၁၉ တုန်းကလဲ နောက်နှစ်ကျရင် လမ်းတွေပေါ်မှာ Robotaxi ကားအစီးရေ တစ်သန်းလောက် အသင့်ရောက်နေတော့မယ်လို့ ကတိပေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ကတိတွေကို ကျေပြွန်အောင် ပြသအကောင်အထည်ဖော်တာမျိုး နည်းနေသေးလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပွဲအပြီးမှာလဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပြီး Tesla ကုမ္ပဏီရဲ့ ရှယ်ယာတွေ ထိုးကျတာမျိုး ဖြစ်ခဲ့ပါသေးတယ်။

References: Jazeera, A. (2024, October 11). Tesla’s robotaxi event was long on Musk promises, short on details. Al Jazeera. https://www.aljazeera.com/economy/2024/10/11/teslas-robotaxi-event-was-long-on-musk-promises-short-on-details


Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!