တက်စ်လာရဲ့ ‘Giga Train - ဂစ်ဂါရထား’ ဂျာမနီနိုင်ငံ ဘာလင်မြို့နဲ့ ဘရန်ဒန်ဘာ့ဂ်ဒေသ တဝိုက်မှာ စတင်ပြေးဆွဲနေပါပြီ။ ဒီရထားက လျှပ်စစ်စွမ်းအင်နဲ့ ဘက်ထရီကို အခြေခံ မောင်းနှင်မှာ ဖြစ်ပြီး ဘာလင်မှာ ရှိတဲ့ ဂစ်ဂါစက်ရုံဆီ တက်စ်လာကုမ္ပဏီဝန်ထမ်းတွေနဲ့ မြို့ခံတွေကို သယ်ယူပြေးဆွဲပေးမှာပါ။

တက်စ်လာကုမ္ပဏီကတော့ ဒီဇယ်ရဲ့ လျှပ်စစ် တွဲသုံးနေရတဲ့ ရထားတွေထက် အခုလို လျှပ်စစ်နဲ့ချည်း လည်ပတ်တဲ့ ရထားကို သုံးတော့ သဘာဝပတ်ဝန်းကျင်အတွက် ပိုအဆင်ပြေသလို တစ်ပတ်ကို ပျမ်းမျှ ကာဘွန် တန် ၅၀ လောက် လျှော့ချရာလဲ ကျသွားတယ် ဆိုပါတယ်။

အခု ဂစ်ဂါရထားက ရထားတွဲတစ်တွဲမှာ လူအယောက် ၁၂၀ နဲ့ ခရီးစဉ်တစ်ကြောင်းကို လူ ၅၀၀ ကျော် သယ်ဆောင်သွားနိုင်တာပါ။ ကုမ္ပဏီဘက်က သူတို့ရဲ့ ဂစ်ဂါရထားကို စက်ဘီးတွေရဲ့ အသုံးဝင်ပုံကို အခြေခံလို့ ဒီဇိုင်းဆွဲထားတယ် ဆိုပါတယ်။ သဘောက လွယ်လွယ်ကူကူ စီးနှင်နိုင်မယ်တကူးတက သွားစီးနေရတာမျိုး၊ လက်မှတ်ဖြတ်ရ မလွယ်တာမျိုး မဖြစ်စေချင်ဘဲ သွားချင်တဲ့အချိန် သွားချင်သလို ကောက်ထသွားလို့ရ၊ ‘Access လုပ်ရ’ လွယ်ကူဖို့ စီစဉ်ထားတာပါ။

‘သဘာဝပတ်ဝန်းကျင်လဲ ထိန်းသိမ်းရာ ရောက်ချင်သလို အားလုံးလဲ လက်လှမ်းမီဖို့ ရှေးရှုပါတယ်’ လို့ တက်စ်လာရဲ့ ဂစ်ဂါပရော့ဂျက် မန်နေဂျာက ပြောပါတယ်။

ဒီရထားက ဘာလင်-ဘရန်ဒန်ဘာ့ဂ် တစ်ကြော ပြေးဆွဲမှာဖြစ်တဲ့အပြင် စမ်းသပ်ပြေးဆွဲတဲ့ ကာလမို့ အခကြေးငွေလဲ မယူသေးဘူးလို့ သိရပါတယ်။

အခုစီမံကိန်းက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာကတည်းက စခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ ဝန်ဆောင်မှုကို လပိုင်းရပ်နားလိုက်တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာပဲ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပြီး အရင်တုန်းက တစ်ရက်ကို ပျမ်းမျှခရီးသည် ၃၅၀၀ လိုက်ပါစီးနင်းရာကနေ အခုတော့ အဲဒီထက် ပိုများနေပါပြီ။

ဂစ်ဂါရထားသာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရင်၊ တက်စ်လာဘက်က တိုးချဲ့လာနိုင်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးမှာ အင်မတန်အထောက်အကူ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တစ်ပတ်ကို ကာဘွန်ထုတ်လွှတ်မှု တန် ၅၀ ပမာဏလောက် လျှော့ချနိုင်တယ်၊ တစ်ဖက်မှာလဲ ဒေသခံတွေအတွက် အဆင်ပြေမယ်၊ နောက် သန့်စင်စွမ်းအင်ကိုလဲ စနစ်တကျ အသုံးချရာ ကျမှာပါ။

‘အရင်တုန်းက သုံးခဲ့တဲ့ ဒီဇယ်ရထားတွေလို လေထုကိုလဲ မထိခိုက်စေဘဲ အသံဆူတဲ့ ဒဏ်ကလဲ ပါးသွားတယ်’ မန်နေဂျာ အက်ဂလာက ပြောထားပါတယ်။

Reference: Tesla’s Giga train begins operation. (n.d.). Perplexity AI. https://www.perplexity.ai/page/teslas-giga-train-begins-opera-JbpqImJfQP.XF8ij.YFDEw

တက်စ်လာကုမ္ပဏီနဲ့ စပ်လျဉ်းတဲ့ သတင်းတွေကို အောက်ကနေ ဆက်ဖတ်ဖို့ အကြံပြုပါတယ်။

တရုတ် လျှပ်စစ်ကားကုမ္ပဏီရဲ့ ရောင်းအား ကမ္ဘာကျော် Tesla ကို အမှီလိုက်နေ
အခုနှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီ BYD ရောင်းအားဟာ ၂၁ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုမ္ပဏီတာဝန်ရှိအကြီးအကဲတစ်ဦးကပြောကြ

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!