နာမည်ကြီး ဆက်သွယ်ရေး ပလက်ဖောင်း တယ်လီဂရမ်က အခုတိုးမြှင့်လိုက်တဲ့ မူဝါဒအရ အသုံးပြုသူတွေရဲ့ ဒေတာတချို့ကို အစိုးရတွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေဆီကို ပေးအပ်သွားဖို့ ရှိပြီး အဲဒီပေးအပ်မဲ့ ဒေတာတွေထဲမှာ အိုင်ပီလိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေ ပါဝင်ပါတယ်။ ရှာဖွေရေး ဝရမ်းလိုမျိုး ရှိတာနဲ့ကို တယ်လီဂရမ်ဆီ အဲဒီအချက်အလက်တွေ တောင်းခံခွင့်ရှိတယ်လို့လဲ ဖော်ပြထားတာပါ။ ဒါဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လုံခြုံရေးတွေကို အရေးပေးလှပါချည်ရဲ့ဆိုတဲ့ တယ်လီဂရမ်ရဲ့ မူဝါဒ တည်ထောင်သူ ဖမ်းခံရအပြီးမှာ လမ်းလွဲသွားတာလဲ ဖြစ်ပါတယ်။
တယ်လီဂရမ်ရဲ့ စီအီးအို ပါဗယ်လ် ဒူရော့ဗ်ကတော့ အခုလိုဆုံးဖြတ်ချက် ချလိုက်တာက တယ်လီဂရမ်ပလက်ဖောင်းပေါ်မှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေကို ဟန့်တားဖို့လို့ ပြောလာပါတယ်။
'အသုံးပြုသူတွေရဲ့ ၉၉.၉၉၉ ရာခိုင်နှုန်းလောက်က ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်ပေမဲ့ ရာဇဝတ်မှုတွေနဲ့ ဆိုင်နေ၊ လုပ်နေတဲ့ အဲဒီ ၀.၀၀၁ ရာခိုင်နှုန်းသော သူတွေက ဒီပလက်ဖောင်းတစ်ခုလုံးရဲ့ ပုံရိပ်ကို ဆိုးရွားညစ်နွမ်းစေတယ်။ ငါးခုံးမတစ်ကောင်ကြောင့်နဲ့တော့ တစ်လှေလုံး အပုတ်မခံနိုင်ဘူး' လို့ ဒူရော့ဗ်က ဆိုတာပါ။
တယ်လီဂရမ်ရဲ့ ပိုင်ရှင်နဲ့ စီအီးအို ပါဗယ်လ် ဒူရော့ဗ် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံမှာ အဖမ်းခံခဲ့ရပြီး တစ်လတိတိအကြာမှာ အခုလို ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ မူဝါဒတွေ ပြောင်းလဲလိုက်ကြောင်း ထုတ်ဖော်ပြောဆိုလာတာလဲ ဖြစ်ပါတယ်။ စက်တင်ဘာ လဆန်းပိုင်းကလဲ တယ်လီဂရမ်ရဲ့ FAQ စာမျက်နှာမှာ တင်ထားတဲ့ ပရိုက်ဗိတ်ချက်တွေဟာ အလုံးစုံအကာအကွယ်ပေးခံထားရကြောင်း၊ တယ်လီဂရမ်အနေနဲ့ အဲဒီနေရာတွေကို ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ဖော်ပြချက်တွေကို ဖြုတ်ချထားပါတယ်။ အဲဒါကလဲ ပိုင်ရှင် ဒူရော့ဗ်ဖမ်းဆီးခံရအပြီး နှစ်ပတ်အကြာမှာ ပြုလုပ်ထားတာပါ။
ဒီအကြောင်းကို အောက်မှာ အသေးစိတ် ဆက်လက်ဖတ်ရှုနိုင်ပါမယ်။
အကြမ်းဖက်လုပ်ရပ်တွေအတွက် သွေးထိုးလှုံ့ဆော်တယ်၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို တွင်တွင်ကျယ်ကျယ်မြင်ရတယ်၊ လိမ်လည်မှုတွေ၊ သတင်းအချက်အလက်မှားတွေနဲ့ တခြားရာဇဝတ်မှုတွေအတွက် စုဝေးရာ နေရာတစ်ရပ်လို ဖြစ်နေတယ်။ ပြီးရင် ဒါတွေကိုလဲ တိုင်ကြားတာတွေ ရှိနေရက်နဲ့ ထိထိရောက်ရောက် အရေးမယူ၊ ထိန်းချုပ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်သစ်က ဒူရော့ဗ်ကို ဖမ်းထားတာပါ။ ဒူရော့ဗ်ဘက်ကတော့ ပြင်သစ်အစိုးရရဲ့ စွဲချက်တွေကို ငြင်းပယ်ထားပြီး ပလက်ဖောင်းအသုံးပြုသူတွေက လုပ်တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ကို စွဲချက်တင်တာက ဓမ္မဒိဋ္ဌာန်မကျဘူးလို့ ပြောပါတယ်။
တယ်လီဂရမ်အက်ပ်ဟာ တခြားမက်ဆေ့ချ်ပို့ပလက်ဖောင်းတွေနဲ့ မတူဘဲ အသုံးပြုသူတွေကို လူအယောက် နှစ်သိန်းအထိ ပါနိုင်တဲ့ Group Chat တွေကို ဖွဲ့ခွင့်ပေးထားပါတယ်။ ဒီအချက်က အစွန်းရောက်အုပ်စုတွေနဲ့ ရာဇဝတ်သားတွေအတွက် သတင်းအချက်အလက်တွေ၊ ဝါဒတွေကို ဖြန့်ဝေရာမှာ လွယ်ကူစေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားကြတာပါ။
တယ်လီဂရမ်က ဒီဂရုချက်တွေထဲကို သူတို့ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ တင်လာတဲ့ တိုင်ကြားမှုတွေကိုပဲ စိစစ်စောင့်ကြည့်ပေးနိုင်တယ်လို့ ဆိုထားပေမဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေကတော့ တယ်လီဂရမ်ရဲ့ စိစစ်စောင့်ကြည့်မှုက တခြားပလက်ဖောင်းတွေလောက် အားမကောင်းဘူးလို့ ပြောပါတယ်။
အခုတော့ ဒီပြဿနာတွေ ကင်းဝေးနိုင်ဖို့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ (သို့) တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေက တောင်းဆိုလာရင် ပလက်ဖောင်းအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တချို့ကို ထုတ်ပြဖို့ မူဝါဒပြောင်းသွားပါပြီ။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အွန်လိုင်းပေါ်က ရာဇဝတ်မှုတွေကြားက ပတ်သက်ယှက်နွယ်မှုတွေကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းချုပ်ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှာမှုက အရှိန်အဟုန်မြင့်လာပြီ ဆိုရပါမယ်။
Reference: Jamali, L. (2024, September 23). Telegram will now provide some user data to authorities. https://www.bbc.com/news/articles/cvglp0xny3eo
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia