တယ်လီဂရမ်ရဲ့ ပိုင်ရှင်နဲ့ စီအီးအို ပါဗယ်လ် ဒူရော့ဗ် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံမှာ အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် တစ်နေ့ကတော့ ဒူရော့ဗ်တစ်ယောက် အဖမ်းခံရပြီး သုံးပတ်အကြာမှာ ပထမဆုံးအကြိမ် လူရှေ့ထွက်ပြီး စကားပြောပါတယ်။ ဒါ့အပြင် တယ်လီဂရမ် အက်ပလီကေးရှင်းဟာလဲ အက်ပ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုလေးတွေ နည်းနည်းစီ လုပ်လာတယ်လို့ သိရတာပါ။

နဂိုက FAQ (အမေးများတဲ့ မေးခွန်းများ) စာမျက်နှာမှာ တင်ထားတဲ့ ပရိုက်ဗိတ်ချက်တွေဟာ အလုံးစုံအကာအကွယ်ပေးခံထားရကြောင်း၊ တယ်လီဂရမ်အနေနဲ့ အဲဒီနေရာတွေကို ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ဖော်ပြချက်တွေကို ဖြုတ်ချထားပါတယ်။ အဲဒါကလဲ ပိုင်ရှင် ဒူရော့ဗ်ဖမ်းဆီးခံရအပြီး နှစ်ပတ်အကြာမှာ ပြုလုပ်ထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ တယ်လီဂရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ တယ်လီဂရမ်ရဲ့ 'Source Code' တွေက မပြောင်းလဲသေးကြောင်း၊ 'ပရိုက်ဗိတ်ချက်တွေဟာ ပရိုက်ဗိတ်အဖြစ်ပဲ ရှိနေသေးကြောင်း' အပြင် သူစိမ်းတွေ စကားလာပြောတာကိုလဲ တယ်လီဂရမ်ရဲ့ Moderator တွေဆီ အမြဲရီပို့တင်နိုင်ကြောင်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ ဒူရော့ဗ်က အဖမ်းခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် လူရှေ့ထွက် ကြေညာမှု ဆောင်ရွက်ခဲ့ပြီး သူတို့ (တယ်လီဂရမ်) အနေနဲ့ ပလက်ဖောင်းပေါ်မှာ ရှိတဲ့ ကွန်းတန့်တွေကို ပိုတင်းကြပ်ဖို့ ကတိကဝတ်ပြုကြောင်း ပြောလာတာပါ။ ဒါဟာ သူ အဖမ်းခံရပြီးပြီးချင်း ကုမ္ပဏီဘက်က ပြောခဲ့တဲ့ ဒူရော့ဗ်မှာ 'ဘာမှ ဖုံးကွယ်စရာ မရှိဘူး' ဆိုတဲ့ စကားအသွားအလာနဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

'တယ်လီဂရမ်က အသုံးပြုသူ သန်း ၉၅၀ ကို ကျော်လာတော့ ရာဇဝတ်သားတွေအဖို့ ကျွန်တော်တို့ ပလက်ဖောင်းကို လက်ကိုင်တုတ်လုပ်ဖို့ ပိုလွယ်လာတာပါ' လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒူရော့ဗ်က ပြောပါတယ်။

'ဒါကြောင့်ပဲ ကျွန်တော်တို့ ဒီကိစ္စကို ထိထိရောက်ရောက်တိုးမြှင့်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။ အတွင်းစည်းထဲမှာလဲ စလုပ်နေတာတွေ ရှိနှင့်နေပါပြီ။ သိပ်မကြာခင်မှာ အခြေအနေအသေးစိတ်ကို ပြန်မျှဝပေးပါ့မယ်' လို့ သူက ဆက်ပြောပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး တယ်လီဂရမ်ရဲ့ FAQ စာမျက်နှာမှာ ပြီးခဲ့တဲ့ နာရီပိုင်းက စလို့ 'တယ်လီဂရမ်ပေါ်မှာ တရားမဝင်တဲ့ ကွန်းတန့် ရောက်နေတယ်၊ ဘယ်လိုဖြုတ်ချလို့ ရမလဲ' ဆိုတဲ့ လမ်းညွှန်ချက် တစ်ရပ် အသစ်တက်လာနေတာပါ။

ပြီးတော့ အပေါ်မှာ ပြောခဲ့သလို ပရိုက်ဗိတ်ချက်တွေဟာ အလုံးစုံအကာအကွယ်ပေးခံထားရတယ်ဆိုတဲ့ စာကြောင်းကို ဖြုတ်ချသွားလို့ သုံးစွဲသူတွေက မေးခွန်းထုတ်ချိန်မှာတော့ တယ်လီဂရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက Moderator တွေကို တိုင်ကြားတယ်ဆိုတာ မက်ဆေ့ချ်တွေကို ဖော်ဝါ့ဒ်လုပ်သလိုနဲ့ ဆင်ကြောင်း၊ သူတို့အနေနဲ့ ပရိုက်ဗိတ်ချက်တွေ၊ ဂရုတွေကို လုံးဝစွက်ဖက်နိုင်စွမ်း မရှိကြောင်း၊ ရှိလာမှာလဲ မဟုတ်ကြောင်း ပြန်ဖြေကြားထားပါတယ်။

Reference: Sato, M. (2024, September 6). Telegram changes its tone on moderating private chats after CEO’s arrest. The Verge. https://www.theverge.com/2024/9/5/24237254/telegram-pavel-durov-arrest-private-chats-moderation-policy-change

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အောက်က သတင်းဆောင်းပါးကို ဆက်လက်ဖတ်ရှုဖို့ အကြံပြုလိုပါတယ်။

တယ်လီဂရမ်ပိုင်ရှင် ဖမ်းဆီးခံလိုက်ရမှုရဲ့ နောက်ကွယ် . . .
“ကျွန်တော့်အတွက်‌တော့ ချမ်းသာဖို့ဆိုတာကို ခေါင်းထဲ မရှိဘူး။ ကျွန်တော့်ဘဝ လွတ်လပ်သွားဖို့ပဲ လိုလားတယ်” ကမ္ဘာ့လူသုံးအများဆုံး ဆက်သွယ်ရေးပလက်ဖောင်းတွေထဲက တစ်ခုဖြ

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!