ထိုင်ဝမ်ရဲ့ သိပ္ပံနဲ့နည်းပညာကောင်စီ အကြီးအကဲ ဝူချန်ဝန်က ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းက ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြီးမားကျယ်ပြန့်တာမို့ နိုင်ငံတစ်နိုင်ငံတည်းက လက်ဝါးကြီးအုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ရဲ့ ချစ်ပ်လုပ်ငန်းမှာ ထိပ်တန်းရောက်နေမှုကို ဝေဖန်ပြီးတဲ့နောက် အခုလို အစိုးရအချင်းချင်း တုံ့ပြန်ခဲ့တာပါ။

ထရမ့်က ထိုင်ဝမ်ဟာ ချစ်ပ်လုပ်ငန်းကို လက်ဝါးကြီးအုပ်မောင်ပိုင်စီးထားတယ်လို့ စွပ်စွဲပြီး အမေရိကန်ရဲ့ ဆီလီကွန်ဗယ်လီကပဲ ချစ်ပ်မှာ ထိပ်တန်းဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဝူချန်ဝန်ဘက်ကလဲ ထိုင်ဝမ်ဟာ ရာစုနှစ်ဝက်လောက် အကြိမ်ကြိမ်ကြိုးစားပြီးမှ အခုလို အောင်မြင်မှုရခဲ့တာလို့လဲ ပြောပါတယ်။ အဲဒီထဲမှာ TSMC လို ကမ္ဘာ့အကြီးဆုံး ချစ်ပ်နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီကို ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့တာလဲ ပါဝင်တာပါ။

ဂျပန်က ဓာတုပစ္စည်းနဲ့ စက်ပစ္စည်းတွေလုပ်သလို၊ အမေရိကန်ကလဲ ဒီဇိုင်းနဲ့ နည်းပညာမှာ နံပါတ်တစ်ဖြစ်နေတာကြောင့် နိုင်ငံတိုင်းမှာ သူ့အားသာချက်နဲ့သူရှိတယ်လို့ ဝူချန်ဝန်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်အနေနဲ့လဲ ဒီမိုကရေစီနိုင်ငံတွေရဲ့ ချစ်ပ်နဲ့ အေအိုင်လုပ်ငန်းမှာ အခြေခံအုတ်မြစ်အဖြစ် ကူညီပေးဖို့ အသင့်ရှိတယ်လို့လဲ ပြောတာပါ။

Reference: Reuters. (2025, February 15). No need for one country to control chip industry, Taiwan official says. Reuters. https://www.reuters.com/technology/no-need-one-country-control-chip-industry-taiwan-official-says-2025-02-15/

ဆက်လက်ဖတ်ရှုဖို့

Google က ထိုင်းမှာ ဒေါ်လာတစ်ဘီလျံတန် ဒေတာစင်တာ ဆောက်မယ် . .
Google will invest $1B in Thailand for a data center in Chonburi and a cloud region in Bangkok, creating 14,000 jobs annually until 2029.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!