SpaceX က သူရဲ့ Starlink ဂြိုလ်တုအင်တာနက်အင်တင်နာ ဗားရှင်းအသစ်ကို မိတ်ဆက်လိုက်ပြီး ကျောပိုးအိတ်ထဲမှာထည့်ထားရလောက်အောင် သေးငယ်လို့ Starlink Mini ဆိုပြီး နာမည်ပေးလိုက်ပါတယ်။

ခရီးဆောင်သွားလာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ Starlink Mini ဟာ $599 ဖြစ်ပြီး ပုံမှန် Starlink kit ထက် ဒေါ်လာ 100 ပိုများနေပါတယ်။

Starlink Mini အရွယ်အစား ခပ်ပါးပါးစာအုပ်တစ်အုပ်စာအရွယ် 12 လက်မ x 10 လက်မ x 1.5 လက်မခန့် ရှိပြီး 2.5 ပေါင်လောက် လေးပါတယ်။

ပုံမှန်စလောင်းတွေထက် ၆၀ ရာခိုင်နှုန်းလောက် ပိုမိုပေါ့ပါးပြီး အရွယ်အစားနဲ့ အလေးချိန်ကြောင့် ခရီးသွားတွေအတွက် ပိုမိုဆွဲဆောင်မှုရှိလာမယ်ဆိုပြီး မျှော်လင့်ရပါတယ်။

Starlink Mini ဟာ ကြိုတင်ကုန်ကျစရိတ်နဲ့ ဝန်ဆောင်မှုကြေးအဖြစ် တစ်လ $150 နဲ့ နေထိုင်မှုကုန်ကျစရိတ် $120 ၊ "Mini Roam" ဝန်ဆောင်မှုအတွက် နောက်ထပ် $30 ပါဝင်ပါသေးတယ်။

ပထမဆုံး Starlink Minis ဟာ တပ်ဆင်သုံးစွဲရတဲ့ Wi-Fi router နဲ့ နှိုင်းယှဉ်ပါက အစိတ်အပိုင်းနည်းနည်းနဲ့ဒီဇိုင်းဆင်ထားတာဖြစ်ပြီး ဇူလိုင်လမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါဝါစားသုံးမှုနည်းပြီး ဒေါင်းလုဒ်အမြန်နှုန်းကလည်း 100 Mbps ပိုများပါသေးတယ်။

အသစ်ထွက်လာမဲ့ Starlink Mini တစ်စုံမှာ kickstand တစ်ခု၊ ပိုက် adapter၊ power supply နဲ့ USB TYPE-C ကြိုးတစ်ချောင်းပဲ ပါဝင်ပါတယ်။

2019 ခုနှစ်မှာ ပထမဆုံးဂြိုဟ်တုတွေကို လွှတ်တင်ခဲ့သည့် SpaceX ရဲ့ Starlink ကွန်ရက်မှာ အခုအခါ လုပ်ငန်းလည်ပတ်နေတဲ့ ဂြိုလ်တုပေါင်း 6,000 ကျော်ရှိပြီး နိုင်ငံပေါင်း 100 အတွက် သုံးစွဲသူ သုံးသန်းကျော်ကို ဝန်ဆောင်မှုပေးနေပါပြီ။ မြန်မာနိုင်ငံမှာလည်း Starlink ကွန်ရက်ကို သုံးစွဲနေကြတာရှိပါတယ်။

Space X တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Elon Musk ကတော့ အသစ်ထွက် Starlink Mini တပ်ဆင်ဖို့ အချိန်ငါးမိနစ်ပဲလိုတယ်ဆိုပြီး ကြွယ်ထားပါသေးတယ်။

Reference:

(1) https://www.businessinsider.com/starlink-mini-dish-for-off-grid-travel-internet-access-2024-6

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!