မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အထူးတီထွင်ထားတဲ့ စက်ရုပ်ပိုးဟပ် ၁၀ ကောင်ကို စင်္ကာပူနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်အသုံးပြုနေကြောင်း သိရပါတယ်။

စင်္ကာပူမီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ (SCDF) ရဲ့ Operation Lionheart အဖွဲ့နဲ့အတူ မတ်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ဒီပိုးကောင်စက်ရုပ်တွေဟာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ ကမ္ဘာ့ပထမဆုံးအကြိမ် ထည့်အသုံးပြုတာလဲ ဖြစ်ပါတယ်။

မာဒါဂက်စကာ ပိုးကောင်မျိုးစိတ်တွေကို အခြေခံထားတဲ့ ဒီစက်ရုပ်တွေကို Home Team Science and Technology Agency (HTX)၊ Nanyang နည်းပညာတက္ကသိုလ်နဲ့ Klass Engineering and Solutions တို့ ပူးပေါင်းတီထွင်ထားတာပါ။ အရှည် ၆ စင်တီမီတာရှိတဲ့ ပိုးကောင်စက်ရုပ်တွေမှာ အနီအောက်ရောင်ခြည်သုံး ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားပြီး အပျက်အစီးတွေအောက်က ကျဉ်းကျပ်တဲ့နေရာတွေထဲကို ဝင်ရောက်ရှာဖွေနိုင်အောင်နဲ့ အဝေးထိန်းနိုင်အောင် စီမံထားပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ အောက်က လင့်ခ်ကို နှိပ်ပါ။

ဒါကို နှိပ်ပြီး လှူဒါန်းပါ

HTX အဖွဲ့က အင်ဂျင်နီယာ အွန်ကာဟင်းက "လမ်းတွေပျက်ကုန်လို့ လမ်းကြောင်းပြောင်းသွားရတယ်။ နေအိမ်တွေကနေ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ၊ လမ်းဘေးမှာ အိပ်နေရတဲ့သူတွေ၊ အစားအသောက်နဲ့ရေ မလုံလောက်တာတွေကို တွေ့ခဲ့ရတယ်။ တကယ့်အခြေအနေဆိုးတွေပါပဲ" လို့ ပြောပါတယ်။

ပိုးကောင်စက်ရုပ်တွေကို မတ်လ ၃၁ ရက်နေ့မှာ ပြိုကျသွားတဲ့ဆေးရုံတစ်ခုမှာ စတင်အသုံးပြုခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာ နေပြည်တော်ထဲ နှစ်ကြိမ် အသုံးပြုခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရက်ကီယန်ဝီက "ဒေသခံတစ်ယောက်က သူ့မိသားစုဝင်တစ်ယောက် ဆေးရုံပြိုကျတုန်းက အထဲမှာရှိနေတယ်လို့ ပြောပြီး ကူညီပေးဖို့ တောင်းဆိုတာ ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်" လို့ ပြောတာပါ။

"ဒီနည်းပညာကို ပိုကောင်းအောင် ဆက်လုပ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ပိုမြန်မြန် ရှာဖွေနိုင်အောင် ကြိုးစားသွားမယ်" လို့ သူက ဆိုပါတယ်။ လက်ရှိမှာ ပိုးကောင်စက်ရုပ်တွေကို မုန်လာဥနဲ့ ရေကျွေးပြီး ထိန်းသိမ်းထားကြောင်းလည်း သိရတာပါ။

Reference: https://www.straitstimes.com/singapore/spores-cyborg-cockroaches-helping-with-search-and-rescue-efforts-in-myanmar-quake

ဆက်လက်ဖတ်ရှုဖို့

Meta က စက်ရုပ်တွေကို လူသားတွေလို အထိအတွေ့ခံစားချက်ရှိအောင် ဆောင်ရွက်မယ်
Meta is taking a significant step forward in the field of embodied AI by giving robots the ability to touch and feel.

အသိပေးမှု

ဒီအပတ်တွေထဲ သတင်းတင်ဆက်မှုတွေ ရပ်တန့်နေခဲ့လို့ Build Myanmar - Media ရဲ့ ဖတ်ရှုသူတွေကို အနူးအညွတ်တောင်းပန်ပါတယ်။ ဧပြီပထမအပတ်က စလို့ သတင်းကဏ္ဍကို ပုံမှန်ပြန်လည်တင်ဆက်သွားပါမယ်။

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!