SpaceX ရဲ့ အကြီးစား အာကာသယာဉ် Starship ဟာ ဒီကနေ့ မတ်လ ၇ ရက်မှာပဲ တက္ကဆက်ပြည်နယ်ကနေ လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာပဲ အာကာသထဲမှာ တစ်စစီ ပေါက်ကွဲသွားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (FAA) က ဖလော်ရီဒါပြည်နယ်ရဲ့ အချို့နေရာတွေမှာ လေယာဉ်သွားလာမှုတွေကို ယာယီရပ်ဆိုင်းခဲ့ရတယ် ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ အီလွန်မတ်စ်ခ်ရဲ့ အင်္ဂါဂြိုဟ်သွား ဒုံးပျံစီမံကိန်းထဲ ဒီနှစ်အတွင်းမှာတင် နောက်ထပ်တကြိမ် မအောင်မြင်တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရတော့ ညနေခင်းမှောင်ရီရီ မိုးကောင်းကင်မှာ မီးကျွမ်းနေတဲ့ ဒုံးပျံအစိတ်အပိုင်းတွေဟာ ဥက္ကာခဲ အစုလိုက်အပြုံလိုက် ကြွေသလို ဖလော်ရီဒါတောင်ပိုင်းနဲ့ ကာရေဘီယမ် တစ်ကြော ဘဟားမားကျွန်းစုအနီး ပြုတ်ကျလာတာကို တွေ့ရတာပါ။ SpaceX ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ Starship ရဲ့ အင်ဂျင်တွေဟာ ရုတ်တရက်ရပ်တန့်သွားပြီး ထိန်းချုပ်လို့ မရတဲ့ အနေအထားနဲ့ လည်ထွက်ရင်း အာကာသထဲ ပေါက်ကွဲသွားခဲ့ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီတစ်ကြိမ် ပေါက်ကွဲမှုက Starship ရဲ့ ရှစ်ကြိမ်မြောက် စမ်းသပ်မှု ဖြစ်ပြီး ခုနှစ်ကြိမ်မြောက် စမ်းသပ်မှု ကျရှုံးအပြီး တစ်လကျော်အကြာမှာတင် ထပ်ဖြစ်ပွားခဲ့တာပါ။ အခုလိုမျိုး မစ်ရှင်တွေ ဆက်တိုက် အခက်အခဲတွေ ဖြစ်ပေါ်နေတာမို့ အီလွန်မက်စ်ခ်ရဲ့ ၂၀၂၅ ထဲ စီမံကိန်းတွေကို အရှိန်မြှင့်မဲ့ကိစ္စ တကယ်ရော ဖြစ်နိုင်ပါ့မလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လေကြောင်းအာဏာပိုင်အဖွဲ့ FAA ကတော့ ပေါက်ကွဲမှုဖြစ်ရင်း လေထုထဲ ပြန်ဝင်လာတဲ့ ယာဉ်အစိတ်အပိုင်းတွေ (space launch debris) ကြောင့် မိုင်ယာမီနဲ့ အော်လန်ဒို လေဆိပ်တွေမှာ လေယာဉ်ဆင်းသက်မှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့လဲ စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေတယ် ဆိုပါတယ်။

Reference: Cuthbertson, A. (2025, January 17). SpaceX’s giant Starship rocket blows up in ‘rapid unscheduled disassembly’ during test flight. The Independent. https://www.independent.co.uk/space/spacex-explosion-starship-flight-7-launch-b2681327.html

ဆက်လက်ဖတ်ရှုဖို့

SpaceX က နောက်ထပ် Starship Booster တစ်စင်းကို ညှပ်ဖမ်းပြနိုင်ခဲ့
SpaceX successfully caught its Super Heavy booster during Starship’s 7th test flight from Boca Chica, Texas. However, SpaceX lost communications with the Starship spacecraft.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!