SpaceX က သူတို့ရဲ့ Super Heavy Booster အစိတ်အပိုင်းကို နောက်တစ်ကြိမ် ထပ်ဖမ်းပြနိုင်ခဲ့ပါပြီ။ Starship ရဲ့ ၇ နှစ်ကြိမ်မြောက် စမ်းသပ်မှုမှာ တူနဲ့တူတဲ့ သံမဏိစက်ရုပ်လက်ကြီးတွေကြား ဒုံးပျံအစိတ်အပိုင်းကြီးကို ဖမ်းနိုင်ခဲ့တာပါ။
ဒါပေမဲ့ ပင်မအာကာသယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာတင် ပေါက်ကွဲခဲ့တယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
SpaceX ရဲ့ ပြောကြားချက်အရ Starship ယာဉ်ရဲ့ အင်ဂျင်ပိုင်းမှာ ချို့ယွင်းချက်ရှိခဲ့ပြီး ကနဦးလောင်စာကန်ဖြုတ်ချမှုမှာ ပေါက်ကွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုထားတာပါ။ ကျွမ်းကျင်သူတွေကတော့ အကြောင်းအရင်း စုံစမ်းနေဆဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ ယာဉ်အစိတ်အပိုင်းတွေကို လေယာဉ်တွေက ရှောင်တိမ်းမောင်းနှင်ခဲ့ရတယ် ဆိုပါတယ်။
Starship ဟာ အမြင့် ၄၀၃ ပေရှိတဲ့ ကမ္ဘာ့အကြီးဆုံး အာကာသယာဉ်ပါ။ Starship အာကာသယာဉ်နဲ့ Superheavy Booster (ဒုံးတွန်းစက်) ဆိုပြီး အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ Starship အာကာသယာဉ်က လူနဲ့ကုန်ပစ္စည်းတွေကို အာကာသထဲ သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားပြီး၊ Superheavy ဒုံးတွန်းစက်မှာတော့ SpaceX ရဲ့ နာမည်ကျော် Raptor အင်ဂျင် ၃၃ လုံး တပ်ဆင်ထားပါတယ်။ ဒီအစိတ်အပိုင်းနှစ်ခုလုံးကို ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်ထားတာပါ။
ပြီးခဲ့တဲ့ လပိုင်းကတော့ SpaceX ရဲ့ လွှတ်တင်ရေးမျှော်စင်ကနေ အင်မတန်ကြီးမားတဲ့ ဒုံးတွန်း Booster အစိတ်အပိုင်း ပြုတ်ကျလာတာကို လေထဲကနေ သာသာယာယာ ပြန်ဖမ်းယူပြရင်း ကမ္ဘာ့စံချိန်တင်သွားပါတယ်။ တူညီတဲ့ ပုံစံနဲ့ Booster ဖမ်းပြတာမျိုးကိုတော့ ဒီနေ့ပဲ နောက်တစ်ကြိမ် ဆောင်ရွက်သွားပါတယ်။ အရင်စမ်းသပ်မှုက ပြန်ရတဲ့ raptor အင်ဂျင်တွေကိုတော့ အခုတစ်ခေါက် Booster မှာ ပြန်အသုံးပြုထားတာပါ။
Reference: Roth, E. (2025, January 17). SpaceX Starship launch: date, time and how to watch. The Verge. https://www.theverge.com/24345430/spacex-starship-rocket-launch-time-watch-live
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia