
ကယ်လီဖိုးနီးယားပြည်နယ်၊ တောင်ပဆာဒီးနားမြို့ (South Pasadena) မြို့က သူတို့မြို့ခံရဲတပ်ဖွဲ့မှာ အသုံးပြုတဲ့ ရဲကားတွေအကုန်လုံးကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလိုက်ပြီး အမေရိကန်သမိုင်းမှာ ပထမဆုံးလျှပ်စစ်ရဲကားအုပ်စုအဖြစ် သမိုင်းတွင်သွားပါတယ်။ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေမှာ သုံးဖို့ နယ်မြေခံ (မြို့) ရဲတပ်ဖွဲ့ရဲ့ ရဲကားအစီး ၂၀ စလုံးကို ပြန်ပြုပြင်ထားတဲ့ Tesla ရဲ့ လျှပ်စစ်ကားတွေနဲ့ အစားထိုးလိုက်တာပါ။ အဓိကကတော့ လက်ရှိကမ္ဘာနဲ့ တစ်ဝှမ်းမှာ ကျယ်ကျယ်လောင်လောင် ကြားနေရတဲ့ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချဖို့၊ လေထုမညစ်ညမ်းစေဖို့နဲ့ ရေရှည်တည်တံ့ (Sustainable) ဖြစ်တဲ့ မြေကမ္ဘာကို ပျိုးထောင်ရာမှာ အထောက်အကူပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့။
အခုလိုပြောင်းလိုက်တာက ဒေသတွင်းမှာရှိတဲ့ အရပ်သုံးကားတွေအတွက်လဲ စံနမူနာထားစရာ ဖြစ်တယ်လို့ တောင်ပဆာဒီးနားမြို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူတို့က အဆိပ်ရှိဓာတ်ငွေ့တွေဖြစ်တဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ၊ ကာဘွန်မိုနောက်ဆိုဒ်တွေနဲ့ ကမ္ဘာကြီးပူနွေးလာရတာရဲ့ အဓိကလက်သည် ဖန်လုံအိမ်ဓာတ်ငွေ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို နိုင်တဲ့ဘက်က လျှော့ချဖို့ ကြိုးစားနေတယ်လို့ ပြောတာပါ။ သန့်စင်စွမ်းအင်ကို အခြေခံ၊ လျှပ်စစ်နဲ့ မောင်းနှင်နိုင်တဲ့ Telsa ရဲ့ လျှပ်စစ်ကားတွေနဲ့ဆိုရင်တော့ ရဲတပ်ဖွဲ့ရဲ့ မူလတာဝန်ကိုလဲ အထိအခိုက်မရှိ ဆက်လုပ်နိုင်မယ်၊ သဘာဝပတ်ဝန်းကျင်ကိုလဲ ကူညီထိန်းသိမ်းပေးရာကျမယ်လို့ ဆိုပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
လျှပ်စစ်ရဲကားတွေရဲ့ အဓိကအားသာချက်က ငွေကုန်ကြေးကျသက်သာတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဘာဂါ့စ်ဗိုင်း (Bargersville) ရဲတပ်ဖွဲ့ဆိုရင် ၂၀၁၉ ခုနှစ်ကတည်းက လျှပ်စစ်ရဲကားငါးစီးကို ကင်းလှည့်ဖို့ သုံးနေတာ ဖြစ်ပြီး သာမန်ရဲကားတွေလို ဆီထည့်ဖို့ မလိုလို့ တစ်နှစ်ကို ဒေါ်လာ ၆၇၀၀ လောက် သက်သာတယ် ပြောတဲ့အထိပါ။ ပြီးရင် လျှပ်စစ်ကားတွေက သာမန်ကားတွေနဲ့ယှဉ်ရင် ပြုပြင်ထိန်းသိမ်းစရိတ်လဲ အင်မတန်နည်းပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်းက လျှပ်စစ်ကားတွေနဲ့ သမရိုးကျရဲကားတွေ ယှဉ်တွဲအသုံးပြုနေတဲ့ ပြည်နယ်တွေရဲ့ အစီရင်ခံချက်အရဆိုရင် ကုန်ကျငွေက ၇၅ ရာခိုင်နှုန်းဝန်းကျင်လောက်ကို သက်သာသွားတာပါ။ လျှပ်စစ်ကားတွေက အစပိုင်းမှာတော့ အားသွင်းဖို့အတွက် နေရာတွေ၊ စက်ပစ္စည်းတွေနဲ့ တပ်ဆင်စရိတ်တချို့ ရှိပေမဲ့ ရေရှည်ကို ကြည့်ရင်တော့ ‘တွက်ခြေအတော်ကိုက်’ ပါတယ်။ ဒါပေမဲ့ ရဲကားဖြစ်တဲ့အလျောက် သာမန်လျှပ်စစ်ကားတွေထက် ပိုရတဲ့ အရာတွေတော့ ရှိပါတယ်။ နမူနာ လျှပ်စစ်ရဲကားတွေဟာ ရဲကားတွေဖြစ်တဲ့အလျောက် စခန်းမှာပဲ အမြဲတစေ ရှိနေမှာ မဟုတ်ဘဲ ကင်းပတ်ချိန်၊ အရေးပေါ်တိုင်ကြားချက်အတွက် ထွက်ခွာချိန်နဲ့ တခြားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေ ဆောင်ရွက်ရတာပါ။ ဒီ့အတွက်ကြောင့် အားသွင်းချိန်က အခြေအနေပေါ်လိုက်လို့ အချိန်ကာလကြာမြင့်လို့ မရသလို ဘက်ထရီအသုံးပြုနိုင်စွမ်းကလဲ နာရီအတော်ကြာ ရမှ ဖြစ်ပါမယ်။ ဒီ့အတွက်ကြောင့် ပြည်နယ်အများစုက လျှပ်စစ်ကားတွေနဲ့ သမရိုးကျကားတွေကို တွဲဘက်အသုံးပြုနေဆဲဖြစ်ပြီး တောင်ပဆာဒီးနားမြို့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့ဆီက ကားအကုန်လုံးကို လျှပ်စစ်ကားတွေနဲ့ အစားထိုးလိုက်ပါပြီ။ အခုလို စင်းလုံးပြည့် လျှပ်စစ်ကားတွေနဲ့ အစားထိုးမှုက အမေရိကန်ပြည်ထောင်စုရဲ့ ရဲတပ်ဖွဲ့တွေသမိုင်းမှာတော့ ပထမဆုံးပါပဲ။
Reference: Team, P. (2024, August 4). All-Electric Police Fleet. Perplexity AI. https://www.perplexity.ai/page/all-electric-police-force-c5Q3oG8vTlSNjyUfOAQ.uw
Telsa နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်ဖတ်ဖို့ စာရေးသူက အကြံပြုပါတယ်။




Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်
📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com