ဂျပန်နိုင်ငံက နည်းပညာရင်းနှီးမြှုပ်နှံတဲ့ SoftBank လုပ်ငန်းစုက OpenAI ကုမ္ပဏီမှာ ဒေါ်လာဘီလီယံ ၄၀ အထိ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရင် OpenAI ရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလီယံ ၃၀၀ အထိ ရှိလာမှာပါ။

အရင်က ဒေါ်လာဘီလီယံ ၁၅၀ တန်ဖိုးရှိခဲ့တဲ့ OpenAI ကုမ္ပဏီဟာ အခုဆိုရင် ဒေါ်လာဘီလီယံ ၂၆၀ အထိ တန်ဖိုးတက်လာပြီး ဒီရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ဆိုရင်တော့ ဒေါ်လာဘီလီယံ ၃၀၀ အထိ တန်ဖိုးရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလို ငွေကြေးအများအပြား ထပ်မံရင်းနှီးမြှုပ်နှံတာဟာ ChatGPT လို AI နည်းပညာကို ဦးဆောင်နေတဲ့ OpenAI အတွက် သိသိသာသာ အားဖြည့်ပေးလိုက်တာပါ။ SoftBank ရဲ့ ဒီရင်းနှီးမြှုပ်နှံမှုကို ပြောင်းလဲနိုင်တဲ့ ငွေချေးသက်သေခံလက်မှတ် (convertible notes) ပုံစံနဲ့ ပြုလုပ်မှာဖြစ်ပြီး၊ OpenAI ရဲ့ အကျိုးအမြတ်မယူတဲ့ လုပ်ငန်းပုံစံကနေ စီးပွားရေးပုံစံအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာတဲ့အချိန်မှာပဲ တရုတ်နိုင်ငံက DeepSeek ကုမ္ပဏီဟာ အင်မတန်ကောင်းမွန်တဲ့ AI မော်ဒယ်တစ်ခုကို မိတ်ဆက်လာပါတယ်။ သူတို့ရဲ့ AI မော်ဒယ်ကို ဒေါ်လာ ၆ သန်းလောက်နဲ့ပဲ အသုံးပြုထုတ်လုပ်ခဲ့တာကြောင့် OpenAI တို့လို ကုမ္ပဏီကြီးတွေအတွက် ရှယ်ယာတွေ ထိုးကျခဲ့တာပါ။

အခုဆိုရင် SoftBank အနေနဲ့ OpenAI မှာ ဒေါ်လာဘီလီယံ ၁၅ ကနေ ၂၅ အထိ တိုက်ရိုက်ထည့်ဝင်ဖို့ စီစဉ်နေပါတယ်။ ဒီငွေကြေးတွေထဲက တစ်စိတ်တစ်ပိုင်းကို Stargate စီမံကိန်းအတွက် အသုံးပြုမှာဖြစ်တယ်လို့ သိရတာပါ။

Stargate ဆိုတာ Oracle၊ OpenAI နဲ့ SoftBank တို့ စီမံကိန်းပြီး AI နည်းပညာမှာ တရုတ်နိုင်ငံကို ကျော်တက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Reference: Hu, K., Tong, A., & Vinn, M. (2025, January 31). SoftBank in talks to lead OpenAI funding round at $300 billion valuation, sources say. Reuters. https://www.reuters.com/technology/artificial-intelligence/openai-talks-investment-round-valuing-it-up-340-billion-wsj-reports-2025-01-30/

ဆက်လက်ဖတ်ရှုဖို့

OpenAI က Operator Agent ကို စမိတ်ဆက်
OpenAI has launched a research preview of its general-purpose AI agent, Operator, which can take control of a web browser and perform specific actions.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!