Snap ကနေ သူတို့ရဲ့ မျိုးဆက်ငါးဆက်မြောက် AR မျက်မှန်သစ်ကို Developer တွေ ရည်ရွယ်ပြီး စတင်ထုတ်လုပ်လိုက်ပါပြီ။ AR ဆိုတာ အပြင်လောကနဲ့ ကွန်ပြူတာက ဖန်တီးထားတဲ့ အတုအယောင်တွေကို ပေါင်းစပ်ဖော်ပြပေးတဲ့ နည်းပညာပါ။ Snap က မိတ်ဆက်လိုက်တာကတော့ အဲဒီ AR နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ မျက်မှန်တွေ ဖြစ်ပါတယ်။

ဒီမျက်မှန်သစ်တွေမှာ hardware ပိုင်းဆိုင်ရာ ပြင်ဆင်မွမ်းမံမှုတွေ အများကြီး ဆောင်ရွက်ထားပြီး ဆော့ဝဲပိုင်းမှာလဲ ပိုကောင်းတဲ့ AR အတွေ့အကြုံကို ပေးနိုင်အောင် ဒီဇိုင်းသစ်ရေးဆွဲထားတယ် ဆိုပါတယ်။ Snap က ဒီမျက်မှန်တွေကို developer တွေနဲ့ နည်းပညာနယ်ပယ်က ပညာရှင်တွေဆီကို တစ်လ ၉၉ ဒေါ်လာနဲ့ ရောင်းချသွားဖို့ ရှိပြီး တစ်နှစ်တိတိ ဝယ်ယူပေးရမှာပါ။

မျက်မှန်ကို တပ်ဆင်သူဟာ ၄၆ ဒီဂရီပတ်လည်ရှိတဲ့ မြင်ကွင်းကို မြင်ရနိုင်မှာ ဖြစ်ပြီး အဲဒီပမာဏက ပြီးခဲ့တဲ့ တစ်ခေါက်က Snap ရဲ့ စတုတ္ထမျိုးဆက်မျက်မှန်ထက် သုံးဆ ဒီဂရီပိုများလာတာလဲ ဖြစ်ပါတယ်။ နောက် တစ်ဒီဂရီကို ပုံအရည်အသွေး ၃၇ pixel လဲ ရှိလာပါတယ်။ မျက်မှန်ကို Qualcomm Snapdragon ချစ်ပ်နဲ့ လည်ပတ်ထားပြီး မျက်မှန်ရဲ့ အလေးချိန်က ၂၂၆ ဂရမ်ပဲ ရှိလို့ ပေါ့တဲ့ထဲ ပါတာပါ။ ဆက်တိုက်အသုံးပြုမယ်ဆိုရင် ၄၅ မိနစ်ခံတဲ့ ဘက်ထရီနဲ့ ပတ်ပတ်လည်မှာ ကင်မရာလေးလုံးရယ်၊ လက်က ထိန်းချုပ်နိုင်တဲ့ hand gesture control တွေလဲ ပါလာလေရဲ့။

Snap မျက်မှန်တွေကို Andriod OS အပေါ် အခြေခံထားပြီး OpenAI နဲ့ ပူးပေါင်းထုတ်လုပ်ထားလို့ ဉာဏ်ရည်တုနည်းပညာကိုလဲ အဆင့်မြင့်မြင့် ရရှိနိုင်မယ် ဆိုပါတယ်။ အသံနဲ့ ထိန်းချုပ်နိုင်တာအပြင် အသုံးပြုသူ မြင်ရတဲ့ မြင်ကွင်းနဲ့ အသံတွေအပေါ်လဲ မေးခွန်းထုတ်တာ၊ ဆန်းစစ်တာမျိုး လုပ်နိုင်မှာပါ။ AR ရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်း ဖြစ်တဲ့ အဖြစ်လောကကို သုံးဘက်မြင်တွေနဲ့ ချိတ်ဆက်ပြသနိုင်စွမ်းကတော့ အများကြီး ပိုအဆင်ပြေလာပြီ ဆိုပါတယ်။

လောလောဆယ်တော့ ဒီမျက်မှန်ကို developer တွေနဲ့ creator တွေအတွက်ပဲ သီးသန့်ရောင်းချပေးသွားအုံးမှာ ဖြစ်ကြောင်းနဲ့ တစ်လကို ၉၉ ဒေါ်လာကျသင့်ပြီး အဲဒီကျသင့်ငွေက ပစ္စည်းကို ငှားရမ်းအသုံးပြုခသဘော ဖြစ်မယ်လို့ သိရတာပါ။ အင်တာနက်အသုံးပြုသူတွေကတော့ ဒီမျက်မှန်တွေရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်နိုင်စွမ်းကို သဘောကျပေမဲ့ တိုတောင်းလှတဲ့ ဘက်ထရီသက်တမ်းနဲ့ ပုံမှန်ထက်ကြီးနေတဲ့ ဈေးနှုန်းတွေကြောင့် ဝေဖန်ကြတာမျိုး ရှိနေပါတယ်။

Reference: Snap’s new large AR spectacles. (n.d.). Perplexity AI. https://www.perplexity.ai/page/snap-s-new-large-ar-spectacles-153iCarQTjeSLQMkUCtHPA

နျူရာလင့်ခ်ကုမ္ပဏီက အမြင်အာရုံချို့တဲ့နေသူတွေကို ပြန်မြင်ရအောင် ကူညီပေးမဲ့ ‘Blindsight’ နည်းပညာ FDA ရဲ့ ထုတ်လုပ်မှုခွင့်ပြုချက် ရ
အီလွန်မက်စ်ခ်ရဲ့ ဦးနှောက်ထဲ ချစ်ပ်ထည့်တဲ့ နည်းပညာကုမ္ပဏီ နျူရာလင့်ခ်က ‘Blindsight’ ခေါ် အမြင်အာရုံပြန်ရနိုင်တဲ့ နည်းပညာကို စတင်စမ်းသပ်နေပြီး FDA ရဲ့ ထုတ်လု

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!