စက်ဘီးနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ ထိပ်တန်းကုမ္ပဏီ ရှီမာနိုကနေ ခုံကို အလိုအလျောက် ချိန်ညှိနိုင်စွမ်းရှိတဲ့ လျှပ်စစ် စက်ဘီးစီး ဖိနပ်တွေ ထုတ်လုပ်လိုက်ပါတယ်။

ဒီလျှပ်စစ်ဖိနပ်မှာဆိုရင် အသုံးပြုသူ စက်ဘီးရဲ့ ခြေနင်းမျက်နှာပြင်ပေါ်လိုက်လို့ သက်တောင့်သက်သာ ဖြစ်အောင် နေရာပြန်ချိန်ညှိနိုင်တဲ့ ကြိုးမဲ့အီလက်ထရောနစ် စနစ်ပါဝင်တာပါ။ အဲဒါအပြင် ဖိနပ်ရဲ့ အောက်ခြေခုံကလဲ ဒေါင်လိုက်၊ အလျားလိုက် နေရာရွေ့နိုင်လို့ စီးထားတဲ့ ခြေထောက်အတွက် သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

ဒီစနစ်တစ်ခုလုံးကို စက်ဘီးရဲ့ ခြေနင်းထဲမှာ ဘက်ထရီနဲ့ မြှုပ်နှံတပ်ဆင်ပေးထားပြီး‌ စက်ဘီးရဲ့ လည်အား၊ အရှိန်နဲ့ စီးနင်းသူရဲ့ နှလုံးခုန်နှုန်းရယ် ခန္ဓာကိုယ်အပူချိန်ရယ်ကိုပါ စောင့်ကြည့်အာရုံခံပေးနိုင်ပါတယ်။ ဒါတွေကို အချိန်နဲ့ တပြေးညီ မှတ်တမ်းတင်နေမှာမို့ စနစ်အနေနဲ့လဲ စီးနင်းတဲ့ အခြေအနေပေါ် လိုက်လို့ စီးရတဲ့ ခံစားချက် ပိုသက်တောင့်သက်သာဖြစ်အောင် ဆောင်ရွက်ပေးနိုင်တာပေါ့။ နမူနာ တောင်တက်နေတာလား၊ အရှိန်တင်မောင်းနေတာလား ဆိုတာပေါ် လိုက်လို့ ခြေနင်းအနေအထားကိုလဲ ဖိနပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းနိုင်စွမ်း ရှိတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမဲ့ အဲဒီလို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းက တကယ်ရော စီးနင်းသူကို သက်တောင့်သက်သာဖြစ်စေနိုင်လားဆိုတာတော့ သိပ္ပံနည်းကျ အထောက်အထားမပြနိုင်သေးပါဘူး။

ရှီမာနိုရဲ့ ဒီဖိနပ်နည်းပညာက အဆင်မပြေမှုလေး တစ်ခုက စစ အလွန်အရေးကြီးတဲ့ စက်ဘီးပြိုင်ပွဲတွေအတွက် ရည်ရွယ်ထုတ်လုပ်တာမို့ သာမန်လူတွေအဖို့တော့ အဆင်မပြေနိုင်ဘူးလို့ ဆိုရပါမယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့တော့ ပြိုင်နေစဉ်ကာလမှာ သူတို့ရဲ့ ခြေထောက်ကို အာရုံစိုက်စရာ မလိုတော့တာကနေလဲ စက္ကန့်ပိုင်းအသာစီး ရသွားနိုင်တယ်လို့ ဆိုထားတာပါ။

လောလောဆယ်တော့ ရှီမာနိုလျှပ်စစ်ဖိနပ်တွေက မူပိုင်ခွင့်တင်ဆဲ အဆင့်ပဲ ရှိနေသေးပြီး ဘယ်တော့ တရားဝင်ထွက်လာမလဲ မကြေညာထားသေးပါဘူး။ စက်ဘီးကို ဝါသနာကြီးသူတွေအဖို့တော့ ပြိုင်ပွဲဝင်ဖို့ မဟုတ်တောင် ဒီဖိနပ်ကို ဝယ်ယူစမ်းသုံးဖို့ စိတ်ဝင်စားနေကြပါတယ်။

Reference: Shimano’s electric shoes proposal. (n.d.). Perplexity AI. https://www.perplexity.ai/page/shimano-s-electric-shoes-propo-UuV3zuLjQLapS4ZOlaaBCw


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!