OpenAI ရဲ့ ယခင် သိပ္ပံပညာရှင်ခေါင်းဆောင်ဟောင်း Ilya Sutskever ပါဝင်တည်ထောင်ထားတဲ့ Safer Superintelligence (SSI) ကုမ္ပဏီငယ်ကနေ အဆင့်မြင်ပြီး လုံခြုံရေးအားကောင်းတဲ့ အေအိုင်စနစ်တွေ ထုတ်လုပ်နိုင်ဖို့ ရင်းနှီးငွေ ဒေါ်လာတစ်ဘီလျံ ရရှိထားပြီလို့ ဆိုလာပါတယ်။ SSI ကုမ္ပဏီဟာ လတ်တလောမှာ Startup သဘော လုပ်ငန်းငယ်လေး ဖြစ်လို့ ဝန်ထမ်း ၁၀ ယောက်ဝန်းကျင်ပဲ ရှိသေးပြီး လက်ရှိရထားတဲ့ ပြင်ပရင်းနှီးမြှုပ်နှံငွေတွေကို သုံးပြီး ပညာရှင်တွေကို ခန့်အပ်သွားမှာပါ။

SSI အဖွဲ့က တစ်နေရာတည်းမှာ အခြေတည်တာမျိုးထက် ပါလိုအယ်လ်တို၊ ကယ်လီဖိုးနီးယား၊ တဲလ်အဗစ်နဲ့ အစ္စရေးတို့လို မြို့ကြီးတွေမှာ ဖြန့်ကျက်ရုံးတည်ထားမယ် ဆိုပါတယ်။ ကုမ္ပဏီဘက်ကတော့ လက်ရှိအချိန်ထိ သူတို့ကုမ္ပဏီရဲ့ တန်ကြေးကို ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ ဈေးကွက်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရတော့ ဒေါ်လာ ၅ ဘီလျံ ဝန်းကျင် တန်ကြေးရှိနေပြီလို့ သိရတာပါ။ လုပ်ငန်းရှင်အများစုရဲ့ အစိုးရအဖွဲ့အစည်းတွေကပါ ဉာဏ်ရည်တုနည်းပညာပိုင်း၊ သုတေသနပိုင်းနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ အားထည့်လုပ်လာချိန်မို့ SSI ဟာလဲ နယ်ပယ်ထဲ လူစိတ်ဝင်စားမှု ရနေတာ ဖြစ်ပါတယ်။

SSI ရဲ့ ရည်ရွယ်ချက်က လုံခြုံရေးပိုင်း စိတ်ချရပြီး အန္တရာယ်ကင်းတဲ့ အေအိုင်စနစ်တွေကို တည်ထွင်ထုတ်လုပ်ချင်တာ ဖြစ်ပါတယ်။ အေအိုင်တွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ လူတွေရဲ့ ပါးစပ်ဖျားထဲ ရောက်လာတဲ့ ကိစ္စက အေအိုင်သာ ဒီအတိုင်း ဆက်ဖွံ့ဖြိုးနေရင် လူသားတွေကိုပါ တစ်နည်းတစ်ဖုံ အန္တရာယ်ပေးလာ၊ ဒုက္ခရောက်စေလာနိုင်တယ် ဆိုတာပါ။ SSI က ဒီပြဿနာကို ဦးတည်ပြီး သုတေသနတွေ နှစ်နဲ့ချီ လုပ်ပြီးတော့ လက်ရှိ ရှိနေတဲ့ ဉာဏ်ရည်တု စနစ်တွေထက် အဆပေါင်းများစွာ ပိုအားကောင်းတဲ့ မဟာဉာဏ်ရည်တု နည်းပညာကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နည်းပညာဟာ ပင်မရည်ရွယ်ချက် ဖြစ်တဲ့ 'ကောင်းချင်သလောက် ကောင်း၊ အန္တရာယ်တော့ ကင်းရမယ်' ဆိုတဲ့ မူအောက်မှာပဲ ရှိနေမှာမို့ ရင်းနှီးမြှုပ်နှံသူတွေကလဲ သူတို့ရဲ့ Innovative ဖြစ်တဲ့ အိုင်ဒီယာကို သဘောကျနေတာပေါ့။ ဒါကြောင့်ပဲ Andreessen Horowitz၊ Sequoia Capital၊ DST Global နဲ့ Daniel Gross တို့လို Firm ကြီးတွေက ရင်းနှီးမြှုပ်နှံသူတွေကပါ ဒီစီမံကိန်းထဲ ပါဝင်ထားကြလေရဲ့။

'တချို့လူတွေက နာရီတွေ အများကြီး ကြာအောင် အလုပ်လုပ်ပြီး တခြားလူတွေထက် ပိုမြန်မြန် အပြီးသတ်လေ့ ရှိတယ်။ ကျွန်တော်တို့ရဲ့ စတိုင်ကတော့ အဲဒီလို မဟုတ်ဘူး။ မတူကွဲပြားတာကို လုပ်နိုင်လေလေ ပိုထူးခြားတာကို လုပ်နိုင်လေလေပါပဲ။" လို့ တွဲဘက်တည်ထောင်သူ Sutskever က ဆိုပါတယ်။

Reference: Cai, K., Hu, K., & Tong, A. (2024, September 4). Exclusive: OpenAI co-founder Sutskever’s new safety-focused AI startup SSI raises $1 billion. Reuters. https://www.reuters.com/technology/artificial-intelligence/openai-co-founder-sutskevers-new-safety-focused-ai-startup-ssi-raises-1-billion-2024-09-04/

OpenAI က အေအိုင်အခြေပြု ရှာဖွေရေးအင်ဂျင် SearchGPT ကို စတင်ကြေညာ
OpenAI ကနေ ChatGPT ရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး SearchGPT ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engine) ဆိုတာ Google တို့၊ Microsoft တို့က ထုတ်ထားတဲ့ Browser အခြေပြု အင်

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!