ရုရှားအစိုးရက Google ကုမ္ပဏီကို ရုရှားနိုင်ငံရဲ့ မီဒီယာချန်နယ်တွေ YouTube မှာ တားဆီးပိတ်ပင်ခံရမှုနဲ့ ပတ်သက်လို့ ဒေါ်လာ ၂၀.၆ ဒက်စီလီယမ် ပမာဏရှိတဲ့ ဒဏ်ကြေး ရိုက်လိုက်ပါတယ်။
ဒက်စီလီယမ် (Decillion) ဆိုတာ ၁ နောက်မှာ သုည ၃၃ လုံး လိုက်တဲ့ အတိုင်းအတာပါ။ တစ်နည်းပြောရရင်တော့ ကမ္ဘာကြီးမှာ ရှိသမျှ ငွေတန်ဖိုးအားလုံးနဲ့ GDP စုစုပေါင်းထက်တောင် ပိုများတဲ့ ပမာဏ ဒဏ်ကြေးရိုက်လိုက်တာပါ။ မော်စကိုတိုင်းမ်သတင်းဌာနနဲ့ Business Insider ရဲ့ တင်ပြချက်အရ ဒီဒဏ်ကြေးရိုက်ခတ်မှုဟာ ပေးဆောင်ဖို့ လုံးဝမဖြစ်နိုင်သလို အတိတ်မှာလဲ ဒီလိုရိုက်ခတ်မှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်ကြောင့် ရုရှားနဲ့ အနောက်အင်အားစုတွေ ဆက်ဆံရေးအရ တင်းမာနေပြီး အနောက်နိုင်ငံတွေက နည်းပညာကုမ္ပဏီတွေရဲ့ ကွန်းတန့်ထိန်းချုပ်မှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုပြင်းထန်လာချိန်မှာ အခုလို ပြုလုပ်တာပါ။
ရုရှား-ယူကရိန်း ကျူးကျော်စစ် စချိန်မှာ Google က ကရင်မလင်မီဒီယာတွေအပါအဝင် ရုရှားအခြေစိုက်မီဒီယာချန်နယ်အတော်များများကို ဘလော့ခ်လုပ်၊ ဖျက်သိမ်းလိုက်ပါတယ်။ ဖျက်သိမ်းခံရတဲ့ ရုရှားတီဗွီချန်နယ် ၁၇ ခုက Google ကို တရားစွဲဆိုခဲ့ကြပြီး ကရင်မလင်တရားရုံးကနေ အခုလို ဒဏ်ကြေးချဖို့ ဖြစ်လာတာပါ။
ဒဏ်ကြေးချမှတ်ပြီးချိန်ကနေ မပေးဆောင်မချင်း တစ်ရက်ကို ဒေါ်လာ ၁၀၀၀ နှုန်းနဲ့ ဒဏ်ကြေးက တရိပ်ရိပ်တက်နေတာပါ။ အဲဒီနောက် တစ်ပတ်ကုန်တိုင်း အဲဒီအပတ်မှာ နောက်ဆုံးတင်နေတဲ့ အကြွေးပမာဏကို နှစ်ဆတင်လိုက်ပါတယ်။ ဒီနည်းနဲ့ အကြွေးတွေက 'မိုးလုံးပြည့်' မြင့်တက်သွားပြီး ဂဏန်းကို အသံထွက်ပြလို့တောင် မရတော့တဲ့အထိ များပြားသွားတာပါ။
Reference: https://www.perplexity.ai/page/russia-fines-google-20-decilli-fd6st_4kRE.wxtY3sngS_w
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia