Runway ကုမ္ပဏီကနေ Act-one အမည်ရ ကာရိုက်တာအန်နမေးရှင်း (Character Animation) တွေ ထုတ်လုပ်နိုင်တဲ့ ဉာဏ်ရည်တုမော်ဒယ်ကို စတင်မိတ်ဆက်လိုက်ပြီး ဒီသတင်းက Animation လောကထဲမှာတော့ အတော်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။
Act-one မှာဆိုရင် အသုံးပြုသူတွေအနေနဲ့ ခံစားချက်ပါပြီး တကယ်အသက်ရှိသယောင် ထင်ရတဲ့ 3D ဇာတ်ကောင်တွေကို ပုံရိပ်ဖမ်းစနစ်တွေ၊ Rigging လို့ခေါ်တဲ့ ကိုယ်တိုင် လက်လှုပ်၊ ခြေလှုပ် အသေးစိတ်အဆင့်တွေကို လုပ်စရာ မလိုဘဲ အေအိုင်က ဖန်တီးပေးမှာပါ။
သဘာဝကျပြီး မျက်နှာအမူအယာအားကောင်းတဲ့ ကာရိုက်တာတွေ ဖန်တီးနိုင်ဖို့က Motion Capture လုပ်တဲ့ နည်းပညာတွေ၊ Facial Rigging လုပ်တဲ့ အဆင့်တွေ လိုအပ်ပါတယ်။ ဒီအဆင့်တွေ ဆောင်ရွက်ဖို့က ကုန်ကျစရိတ်ကြီးမားသလို အချိန်လဲကုန်တာမို့ လက်ရှိအချိန်ထိ Animation Studio တွေနဲ့ Game ထုတ်လုပ်ရေးဘက်က လွဲရင် တခြားသာမန်အခြေအနေတွေမှာ သုံးတာမျိုးက ရှားပါသေးတယ်။ အခုတော့ Act-one ကို သုံးပြီး ကင်မရာလေးဆင်၊ သရုပ်ဆောင်ထားတာကို ဗီဒီယိုမှတ်တမ်းတင်ပြီး သူ့ဆီပို့လိုက်တာနဲ့ လိုချင်တဲ့ ကာရိုက်တာအဖြစ်ကို ပြောင်းနိုင်ပါပြီ။ အကုန်အကျသက်သာသလို Animation နယ်ပယ်ကို ကျွမ်းကျင်စရာ မလိုတာမို့ အဆင်ပြေတယ် ဆိုရပါမယ်။
Act-one ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဆက်ဆွေးနွေးရရင် ပြောင်းချင်တဲ့ လူပါတဲ့ မူရင်း ဗီဒီယိုထဲမှာ ပါတဲ့ သရုပ်ဆောင်ချက်တွေ . . . ဥပမာ မျက်လုံးလှုပ်ရှားမှု၊ မျက်နှာခံစားချက်နဲ့ တခြားအမူအယာအသေးအမွှားလေးတွေက အစ 3D Character ဘက်ထဲ ပြန်ပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။ Cinematic ဆန်ပြီး realistic လဲ ကျတာမို့ နယ်ပယ်ကျွမ်းကျင်သူ မဟုတ်ရင် အေအိုင်လား၊ လူဖန်တီးတာလား ခွဲခြားနိုင်ဖို့ကို ခဲယဉ်းတယ် ဆိုပါတယ်။ ကင်မရာရှုထောင့်ပေါင်းစုံကနေလဲ ရိုက်ကူးနိုင်ပြီး သရုပ်ဆောင်တစ်ယောက်တည်းကနေ ကာရိုက်တာအများအပြားကို သရုပ်ဆောင်လို့ ရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ဒီ Act-one ထွက်ရှိလာတာ ဖြစ်ပြီး အသုံးပြုသူအကုန်လုံး ဒီအေအိုင်ကို စမ်းနိုင်ဖို့တော့ ရက်သတ္တပတ်နည်းနည်း ကြာအုံးမယ်လို့ သိရပါတယ်။
Reference:
ဆက်လက်ဖတ်ရှုဖို့:
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia