
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က မျိုးသုဉ်းသွားတဲ့ Dire Wolves ခေါ် မွေးဖြူဝံပုလွေကြီးမျိုးတွေနဲ့ ဆင်တူတဲ့၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝံပုလွေသုံးကောင်ကို Colossal Biosciences ကုမ္ပဏီက အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။
အသက် ၃ လကနေ ၆ လ အရွယ်ရှိတဲ့ ဒီဝံပုလွေမျိုးတွေက အဖြူရောင်အမွေးရှည်တွေ၊ တောင့်တင်းတဲ့ ပါးရိုးတွေနဲ့ အလေးချိန် ပေါင် ၈၀ ထိ ရှိတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ ကျော်က မျိုးသုဉ်းသွားတဲ့ Dire Wolves တွေက သူနဲ့ ဆွေမျိုးနီးစပ်ကျန်ခဲ့တဲ့ Gray Wolves တွေနဲ့ ယှဉ်ရင်တော့ အရွယ်အစားပိုကြီးတာပါ။ သုတေသီတွေက Dire ဝံပုလွေတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက DNA ကို လေ့လာပြီး Gray မျိုးစိတ်ရဲ့ ဆဲလ်ထဲ CRISPR လို့ ခေါ်တဲ့ နည်းပညာကို သုံးပြီး မျိုးဗီဇကို ပြုပြင်ခဲ့တာလဲ ဖြစ်ပါတယ်။ အဲဒီ ပြုပြင်ထားတဲ့ မျိုးဗီဇတွေကို အိမ်မွေးခွေးတွေရဲ့ သန္ဓေသားတွေထဲ ထည့်ရင်း ကိုယ်ဝန်ဆောင်စေခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အကြာမှာ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ Dire ဝံပုလွေတွေနဲ့ နီးစပ်တဲ့ ဝံပုလွေတွေ မွေးဖွားလာတာပါ။
တပြိုင်တည်းမှာပဲ Colossal ကုမ္ပဏီက မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ဝံပုလွေနီ (Red Wolves) တွေကိုလဲ ကလုန်းနည်းပညာနဲ့ လေးကောင်ထိ မွေးဖွားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကလဲ မျိုးသုဉ်းလုနီးပါး သတ္တဝါတွေကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်တဲ့ ကုမ္ပဏီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းပါပဲ။
ဒါပေမဲ့ ပညာရှင်တွေရဲ့ ထောက်ပြချက်အရ လက်ရှိဆောင်ရွက်မှုဟာ မျိုးသုဉ်းသွားတဲ့ Dire wolves မျိုးစိတ်နဲ့ ချွတ်စွပ်တူညီတာ မဟုတ်ဘဲ အဲဒီမျိုးစိတ်နဲ့ ဆင်တူတဲ့၊ အဲဒီမျိုးစိတ်မှာ ပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာဝိသေသတွေနဲ့ ဝံပုလွေတွေကိုပဲ ပြုပြင်ဖန်တီးထားတာမို့ Dire Wolves တွေအဖြစ် သတ်မှတ်နိုင်ခြင်း ရှိ/မရှိ အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။
Reference: Larson, C. (2025, April 8). Scientists genetically engineer wolves with white hair and muscular jaws like the extinct dire wolf | AP News. AP News. https://apnews.com/article/dire-wolf-colossal-biosciences-de-extinction-56d6c192c5d968731b448081aa4149fe
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia