OpenAI ကနေ ဖွံ့ဖြိုးစနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိတဲ့ developer တွေ၊ အဖွဲ့အစည်းတွေအတွက် သူတို့ကြုံနေရတဲ့ ပြဿနာတွေ၊ စီးပွားရေးအခက်အခဲတွေကို ဉာဏ်ရည်တုနည်းပညာ သုံးပြီး ဖြေရှင်းနိုင်ဖို့ OpenAI Academy ကို ဖွင့်လှစ်လိုက်ပါပြီ။

ဒီပရိုဂရမ်က developer တွေ၊ နည်းပညာသမားတွေနဲ့ လူထုအကျိုးပြုအဖွဲ့အစည်းတွေကို ဒေသတွင်းမှာ ကြုံနေရတဲ့ ပြဿနာတွေ ဖြေရှင်းဖို့နဲ့ အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ဖို့ လိုအပ်တဲ့ နည်းပညာတွေ ပေးအပ်သွားမှာပါ။ အဲဒီပေးအပ်မဲ့ထဲမှာ နောက်ဆုံးပေါ် ဉာဏ်ရည်တု နည်းပညာတွေပါပြီး ဒီနည်းပညာတွေကို သုံးရင်း ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးပညာရေးနဲ့ စီးပွားရေးနယ်ပယ်တွေကို တိုးတက်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

OpenAI Academy ကနေ ပါဝင်သူတွေအတွက် ပေးအပ်သွားမဲ့ အထောက်အပံ့ရင်းမြစ်တွေ အများကြီးပါ။ အဲဒီထဲမှာ OpenAI ရဲ့ ပညာရှင်တွေက နည်းပညာသမားတွေကို လိုအပ်တဲ့ လမ်းညွှန်မှုတွေ တိုက်ရိုက်ပေးတာမျိုး ရှိလာပါမယ်။ နောက်၊ API credit ကိုလဲ ဒေါ်လာတစ်သန်းထိ တိုးမြှင့်ဖြန့်ချိပေးမှာ ဖြစ်သလို OpenAI က နောက်ဆုံးပေါ် ဉာဏ်ရည်တုမော်ဒယ်တွေနဲ့ နည်းပညာတွေကိုလဲ အသုံးပြုခွင့် ရမှာပါ။

ကမ္ဘာအနှံ့နှံမှာ ရှိတဲ့ Developer တွေအတွက်လဲ ကွန်ယက်ကောင်းတစ်ရပ် ဖြစ်လာနိုင်ပြီး အချင်းချင်း နှီးနှောဖလှယ်တာ၊ နည်းပညာအခြေခံ ဖြေရှင်းနည်းတွေ လူထုအကျိုးပြု ဖန်တီးပေးတာနဲ့ တခြားကောင်းကျိုးတွေ အများကြီး ပေါ်ပေါက်လာနိုင်တယ်လို့ OpenAI ကလဲ ဆိုပါတယ်။

အဲဒီနောက် ဒေသတွင်းပါတနာတွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီးလဲ နည်းပညာနဲ့ ပတ်သက်တဲ့ ဟက်ကသွန်လို ပြိုင်ပွဲတွေ ကျင်းပပေးသွားအုံးမှာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတော်များများနဲ့ နည်းပညာအကူအညီကို အမှီအခိုပြုပြီး ကမ္ဘာကြီးကို အမီလိုက်နေတဲ့ နိုင်ငံတွေမှာ အရည်အချင်းပြည့်ဝတဲ့ developer တွေနဲ့ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့က တကယ်အဆင့်မြင့်တဲ့ လေ့ကျင့်သင်ကြားမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ ရင်းမြစ်တွေကို လက်လှမ်းမမီတာမို့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိနေရဆဲပေါ့။ OpenAI က ဒီပြဿနာတွေကို ရှေးရှုပြီး အရည်အချင်းရှိရက်နဲ့ တွင်တွင်ကျယ်ကျယ်မလုပ်နိုင်သူ နည်းပညာသမားတွေကို ကဏ္ဍပေါင်းစုံကနေ အထောက်အပံ့တွေ ပေးအပ်သွားမဲ့ သဘောပါ။

အကုန်လုံးကို ဉာဏ်ရည်တုနည်းပညာနဲ့ နှီးနွယ်ပြီး အပေါင်းဘက်ဆောင်တဲ့ ရလဒ်တွေ ရအောင်လုပ်မယ်လို့ OpenAI က ပြောပါတယ်။

ဒီ OpenAI အကယ်ဒမီကို တည်နေရာတွေ၊ ဘာသာစကားအခက်အခဲတွေကြောင့် အသုံးပြုခွင့် မရမှာမျိုး မစိုးရိမ်ကြဖို့နဲ့ မတူကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားပေးထားကြောင်းလဲ ဆက်ပြောတာပါ။

Reference: Introducing the OpenAI Academy. (n.d.). OpenAI. https://openai.com/global-affairs/openai-academy/

OpenAI ကနေ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းပြနိုင်မဲ့ မော်ဒယ်အသစ်ကို မိတ်ဆက်
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပဲ OpenAI ကုမ္ပဏီကနေ o1-preview အမည်ရ ပြဿနာဖြေရှင်းနိုင်စွမ်း အင်မတန်မြင့်တဲ့ ChatGPT မော်ဒယ်စီးရီးအသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!