ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပဲ OpenAI ကုမ္ပဏီကနေ o1-preview အမည်ရ ပြဿနာဖြေရှင်းနိုင်စွမ်း အင်မတန်မြင့်တဲ့ ChatGPT မော်ဒယ်စီးရီးအသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်ကို ChatGPT ပလက်ဖောင်းပေါ်မှာ ရနိုင်သလို developer တွေအတွက်လဲ API ထုတ်ပေးမှာပါ။ o1 မော်ဒယ်တွေရဲ့ အဓိက အားသာချက်က လက်ရှိရှိနေတဲ့ မော်ဒယ်တွေထက် ပိုပြီး အတွင်းကျကျလေ့လာဆန်းစစ်နိုင်၊ တွေးတောနိုင်ပြီး သိပ္ပံ၊ coding နဲ့ သင်္ချာဘက်မှာ ရှုပ်ထွေးလှပါရဲ့ဆိုတဲ့ ပုစ္ဆာတွေကို ဖြေရှင်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီလို ဖြေရှင်းချိန်မှာလဲ ဒီမော်ဒယ်က အချိန်ယူပြီး လူတွေ တွေးသလို၊ လူတွေချဉ်းကပ်သလို ချဉ်းကပ်မှာမို့ အချိန်ကြာတာနဲ့အမျှ ရလာတဲ့ ရလဒ်ဟာလဲ တိကျမှန်ကန်မှာပါ။ အချိန်ကြာတယ်ဆိုတဲ့ နေရာမှာလဲ သာမန်မော်ဒယ်တွေရဲ့ Response Rate နဲ့ နှိုင်းယှဉ်ပြောတာ ဖြစ်လို့ အလွန်ဆုံးကြာမှ တစ်မိနစ်ဝန်းကျင်ပါ။

လူတွေရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို အေအိုင်ထဲ ထည့်ပေးလိုက်သလိုကို Physics တွေ၊ Chemistry တွေနဲ့ Biology နယ်ပယ်တွေမှာ ကျွမ်းကျင်တဲ့ မော်ဒယ်ဖြစ်တယ်လို့လဲ ကုမ္ပဏီဘက်က ဆိုထားတာပါ။ ဒီမော်ဒယ်ကို အတွင်းစည်း စမ်းသပ်ထားတာတွေ အရဆိုရင် သင်္ချာအိုလံပစ် စာမေးပွဲက မေးခွန်း ၈၃ ရာခိုင်နှုန်းကို ဖြေရှင်းနိုင်ခဲ့ပြီး Coding ပြိုင်ပွဲတွေမှာလဲ ၈၉ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ChatGPT 4o မော်ဒယ်ဟာ o1 ဖြေခဲ့တဲ့ အိုလံပစ်မေးခွန်းတွေရဲ့ ၁၃ ရာခိုင်နှုန်းကိုပဲ ဖြေနိုင်ခဲ့တာပါ။ လောလောဆယ်တော့ ChatGPT လက်ရှိမော်ဒယ်တွေရဲ့ feature တွေ ဖြစ်တဲ့ အင်တာနက် browsing လုပ်တာ၊ ဖိုင်တင်တာနဲ့ တခြားကဏ္ဍတွေကိုတော့ မရနိုင်သေးပါဘူး။

ChatGPT ကို Plus အသုံးပြုသူတွေက ဒီမော်ဒယ်ကို ကြေညာချက်ထုတ်ချိန်မှာပဲ စတင်အသုံးပြုနိုင်နေပြီ ဖြစ်ပြီး ChatGPT Enterprise နဲ့ Educational User တွေကတော့ နောက်တစ်ပတ်က စပြီး ရမယ်လို့ သိရပါတယ်။ o1 ထက် သေးပြီး ပမာဏများများနဲ့ လုပ်နိုင်စွမ်းအမြင့်ကြီး မလိုသူတွေအတွက်တော့ o1 မီနီလို့ခေါ်တဲ့ မော်ဒယ်တစ်မျိုးကို ဈေးသက်သက်သာသာနဲ့ ရနိုင်မှာပါ။

Reference: Introducing OpenAI o1. (n.d.). OpenAI. https://openai.com/index/introducing-openai-o1-preview/

OpenAI က လူနဲ့ အင်မတန်တူတဲ့ ChatGPT အသံကို စထုတ်လုပ်
နည်းပညာလောကကို အစဉ်အမြဲ အသစ်အဆန်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့မိတ်ဆက်ပေးနေတဲ့ OpenAI ကုမ္ပဏီက သူ့ရဲ့ ChatGPT မှာ လူနဲ့အင်မတန်တူတဲ့ Hyper-realistic Voice Mode ကို ထည့်မယ်လို့ ပြောလိုက်ပါပြီ။ ဒီအသံကိ

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!