OpenAI က Operator အမည်ရ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်တဲ့ အေအိုင်အေးဂျင့်ကို စ,မိတ်ဆက်လိုက်ပါပြီ။ ဝဘ်ဆိုက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ပရိုဂရမ်ရေးတာကနေ ဒေတာဆန်းစစ်တာတွေ စလို့ Online Shop တွေအလယ် ဆိုရှယ်မီဒီယာလုပ်ငန်းတွေအဆုံး ဒီအေးဂျင့်က ကိုင်တွယ်နိုင်တယ် ပြောပါတယ်။
အေအိုင်အေးဂျင့်ဆိုတာ အင်တာနက်ပေါ်မှာ လူကိုယ်တိုင် လိုက်လုပ်နေရတဲ့ အထွေထွေလုပ်ငန်းဆောင်တာတွေကို ကိုယ်စားလုပ်ပေးတဲ့ ဉာဏ်ရည်တုတွေပါ။ နမူနာ၊ ဟိုတယ်ဘွတ်ကင်တင်တာ၊ ဆရာဝန်နဲ့ ရက်ချိန်းယူတာ၊ အွန်လိုင်းကနေ ဈေးဝယ်ထွက်တာအပြင် အင်တာနက်နဲ့ ပတ်သက်တာတွေကို အဲဒီအေးဂျင့်တွေက ကူလုပ်ပေးနိုင်ပါတယ်။
အခု OpenAI က မိတ်ဆက်လိုက်တဲ့ အော်ပရေတာ အေးဂျင့်ကတော့ Web browser တွေကို ထိန်းချုပ်နိုင်စွမ်းရှိပြီး Coding ရေးတာ၊ Data Analysis လုပ်တာအပြင် စာရေးတာနဲ့ ဒီဇိုင်းဆွဲတာလို လုပ်ငန်းတွေပါ ဆောင်ရွက်နိုင်တယ် ဆိုတာပါ။ အွန်လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ Application တွေကိုလဲ အော်ပရေတာက ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်ပြီး အသုံးပြုသူက ခိုင်းတဲ့ လုပ်ငန်းကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။
တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
OpenAI ဘက်က ပြီးခဲ့တဲ့ ကြာသပတေးကမှ မိတ်ဆက်လိုက်တဲ့ ဒီအော်ပရေတာအေးဂျင့်က ဒေါ်လာ ၂၀၀ တန် ChatGPT Pro အသုံးပြုသူတွေဆီမှာ အရင်ရမှာ ဖြစ်ပြီး ကမ္ဘာအနှံ့ရနိုင်ဖို့ကတော့ ကြာအုံးမှာပါ။ နောက်ပိုင်းမှာ ChatGPT Plus, Team နဲ့ Enterprise အသုံးပြုသူတွေဆီ ဖြန့်ချိဖို့ ရှိတယ်လို့လဲ ပြောပါတယ်။ ChatGPT Free အသုံးပြုသူတွေမှာ ရနိုင်/မရနိုင်ကိုတော့ လတ်တလော မသိရသေးပါဘူး။
ChatGPT ကနေ Operator ကို ဖွင့်လိုက်တာနဲ့ ကိုယ်လုပ်စေချင်တာကို အေးဂျင့်ဆီ ပြောပြလို့ ရပြီး အေးဂျင့်ကနေမှ တစ်ဆင့် ကွန်ပြူတာ၊ ဒါမှမဟုတ် browser ကို ထိန်းချုပ်ရင်း တစ်ဆင့်ချင်းစီ သူလုပ်နေတာတွေကို ပြသွားမှာ ဖြစ်ပါတယ်။
အဲဒါပြီးရင်တော့ အသုံးပြုသူဆီကို ဆုံးဖြတ်ချက်တောင်းခံမှာပါ။ နမူနာ၊ Uber ကနေ ကားခေါ်တယ်ဆိုရင် အငှားကားချိတ်ဆက်တာကို အတည်ပြုဖို့၊ ဟိုတယ်ဘွတ်ကင်တင်တယ်ဆိုရင်လဲ အချက်အလက်တွေ အတည်ပြုဖို့နဲ့ အီးမေးလ်ပို့တယ်ဆိုရင်လဲ နောက်တစ်ကြိမ်စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ OpenAI ဘက်ကတော့ Operator Agent တွေဟာ အမှားအယွင်းပြုလုပ်နိုင်သလို ၁၀၀ ရာခိုင်နှုန်း မမှန်နိုင်လို့ အသုံးပြုသူက အပြည့်အဝ ယုံကြည်ထားလို့ မရဘူး ဆိုပါတယ်။ ဒါ့အပြင် အင်မတန်ကြီးမားတဲ့ လုပ်ငန်းတွေ၊ အဆင့်များပြားတာတွေကိုလဲ ဆောင်ရွက်နိုင်စွမ်း မရှိသေးဘူးလို့ သိရတာပါ။
Reference: Zeff, M. (2025, January 23). OpenAI launches Operator, an AI agent that performs tasks autonomously. TechCrunch. https://techcrunch.com/2025/01/23/openai-launches-operator-an-ai-agent-that-performs-tasks-autonomously
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia